အဓမ္မပြုကျင့်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် စားသောက်ဆိုင်ပိုင်ရှင်ကို တရားစွဲရန်နောက်ရုံးချိန်းသို့ချိန်းဆို

အဓမ္မပြုကျင့်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် စားသောက်ဆိုင်ပိုင်ရှင်ကို တရားစွဲရန်နောက်ရုံးချိန်းသို့ချိန်းဆို

ရန်ကုန်၊ မတ် ၂၃ ။            ။ အဓမ္မပြုကျင့်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် တောင်ဥက္ကလာပမြို့နယ်ရှိ မယ်အိမ့်လုံစားသောက် ဆိုင်ပိုင်ရှင် ဦးအောင်မျိုးထွဋ်ကို တရားစွဲဆိုရန်အတွက် လာမည့်ရုံးချိန်းအဖြစ် ဧပြီလ ၆ ၇က်နေ့သို့ ချိန်းဆိုထားကြောင်း တောင်ဥက္ကလာပမြို့နယ် တရားရုံးမှသိရသည်။

အမှုတည်ဆောက်ဆဲကာလဖြစ်သည့်အတွက် ယနေ့ မတ်လ ၂၃ ရက်ရုံးချိန်းတွင် ရဲတပ်ဖွဲ့မှနေ၍ ( ရမန် )ချုပ်ရက်ထပ်တိုးတောင်းဆိုသောကြောင့်  တရားစွဲရန် ဧပြီလ ၆ ရက်သို့ ချိန်းဆိုရခြင်းဖြစ်ကြောင်း မြို့နယ်တရားသူကြီးကပြောသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ မယ့်လိမ်လုံရှမ်းရိုးရာ စားသောက်ဆိုင်ပိုင်ရှင် အောင်မျိုးထွဋ်ဆိုသူက ၎င်း၏ဝန်ထမ်း ဖြစ်သူ စားပွဲထိုးဝန်ထမ်းအမျိုးသားကို စတင်အလုပ်လုပ်ကိုင်သည့်နေ့မှ စတင်၍ ဖုန်းငွေများသွင်းပေးခြင်း၊ မုန့်ဖိုးများပေးခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။ မတ်လ ၇ ရက်၊ ည ၉ နာရီခွဲခန့်က ဆိုင်ရှင်က အနှိပ်ခံရန် ၎င်းအား ဆိုင်ဝန်ထမ်းအမျိုးသမီးတစ်ဦးနှင့် ခေါ်ခိုင်းလိုက်ပြီး အခန်းအတွင်းသို့ အရောက်တွင် ကာမဆက်ဆံလိုကြောင်းပြောသဖြင့် ငြင်းဆန်ခဲ့သော်လည်း ဆိုင်ပိုင်ရှင်က အတင်းအဓမ္မ ပြုကျင့်ခဲ့ကြောင်း တောင်ဥက္ကလာပ မြို့မရဲစခန်းမှ သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အဓမ္မပြုကျင့်ခံရသည့် ဝန်ထမ်းအမျိုးသားက အရေးယူပေးရန် တောင်ဥက္ကလာပ မြို့မရဲစခန်းတွင် မတ်လ ၉ ရက်၊ နေ့လယ်ပိုင်း၌ အမှုဖွင့်တိုင်တန်းခဲ့သည့်ကြောင်းသိရသည်။

ထို့ကြောင့် စားသောက်ဆိုင်ပိုင်ရှင် အောင်မျိုးထွဋ်ကို တောင်ဥက္ကလာပမြို့မရဲစခန်းက (ပ)၃၃၃/၂၀၁၈၊ ရာဇသတ် ကြီးပုဒ်မ- ၃၇၇ ဖြင့်အမှုဖွင့်ကာ မတ်လ ၉ ရက်တွင် ဖမ်းဆီးကာ စစ်ဆေးနေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly