တရုတ်တွင် လူအများအပြား သေဆုံးခဲ့ရသည့် တီယန်ကျင်း ကုန်လှောင်ရုံပေါက်ကွဲများ ကြောင့် ယခုအချိန်အထိ ဖမ်းဆီးထိန်းသိမ်းခံရသူ ၂၃ ဦးအထိ ရှိလာ

တရုတ်တွင် လူအများအပြား သေဆုံးခဲ့ရသည့် တီယန်ကျင်း ကုန်လှောင်ရုံပေါက်ကွဲများ ကြောင့် ယခုအချိန်အထိ ဖမ်းဆီးထိန်းသိမ်းခံရသူ ၂၃ ဦးအထိ ရှိလာ
ပေါက်ကွဲမှုများကြောင့် တီယန်ကျင်းမြို့ လေထုထဲတွင် အပျက်အစီးအစအနများ လွင့်ဝဲနေစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

နိုင်ငံပိုင် ဆင်ဟွာသတင်း အေဂျင်စီ၏ သတင်းပို့ချက်အရ တရုတ်နိုင်ငံ၏ ထိပ်တန်းအစိုးရ ရှေ့နေက အရာရှိနှင့် ဆိပ်ကမ်းအမှုဆောင် ၁၀ ယောက်ကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည့်အပြင် အကြီး တန်း သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာန အရာရှိတစ်ဦးကိုလည်း အနည်းဆုံးလူပေါင်း ၁၃၉ ဦး သေဆုံး ခဲ့ရသည့် တီယန်ကျင်း ကုန်လှောင်ရုံ ပေါက်ကွဲမှုများတွင် တာဝန်လစ်ဟင်းမှု၊ အာဏာအလွဲသုံးစားမှု စွဲချက်များဖြင့် ဖမ်းဆီး ထိန်းသိမ်းခဲ့သည်ဟု ဆိုသည်။

ဆင်ဟွာ၏ ပြည်သူ့ရှေ့နေ အထက်ရုံးကို ကိုးကားဖော်ပြချက်အရ ဖမ်းဆီးထိန်းသိမ်းခံရ သူများထဲတွင် တီယန်ကျင်း မြူနီစပယ် သယ်ယူပို့ဆောင်ရေး ကော်မရှင်၏ အကြီးအကဲ ဝူတိုင်းနှင့် တီယန်ကျင်း ဆိပ်ကမ်း(အုပ်စု) ကုမ္ပဏီလီမိတတ်၏ ဥက္ကဋ္ဌ ကျန်ချင်းရွှေတို့ ပါဝင်သည်ဟု ဆိုသည်။ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ ဝမ်ကျင်းဝန်ကိုလည်း အာဏာအလွဲသုံးစားမှု သံသယဖြင့် စုံစမ်းစစ်ဆေးလျက် ရှိသည်ဟု ဆိုသည်။  

သြဂုတ်လ ၁၂ ရက်ညက ဆိုဒီယမ်ဆိုင်ရာနိုက် တန်ချိန် ၇၀၀ သိုလှောင်ထားရာ တီယန်ကျင်း ဆိပ်ကမ်း ကုန်လှောင်တွင် ပေါက်ကွဲမှုနှစ်ခုကြောင့် အကြီးအကျယ် ပျက်စီးသွားခဲ့ရသည်။

ပေါက်ကွဲမှုများကြောင့် အန္တရာယ်ရှိသော ဓာတုပစ္စည်းများ သိုလှောင်စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ စိုးရိမ်သောကများ ထွက်ပေါ်လာခဲ့သည်။ တီယန်ကျင်းမှာ ကမ္ဘာပေါ်တွင် ဒသမမြောက် အလုပ် အများဆုံး ဆိပ်ကမ်းဖြစ်သည့်အပြင် သတ္တု၊ ကျောက်မီးသွေး၊ ကားနှင့် ရေနံများ တင်ပို့ရာတွင် တရုတ်ပြည် မြောက်ပိုင်းသို့ ဝင်သည့် တံခါးပေါက်လည်း ဖြစ်သည်။  

ဆင်ဟွာ၏ သတင်းပို့ချက်အရ ဝမ်မှာ Tianjin Ruihai International Logistics Co.,Ltd. ကို လုံခြုံဘေးကင်းမှု စစ်ဆေးချက်များကို ဖြတ်သန်းပြီး အန္တရာယ်ရှိသော ပစ္စည်းများကို စီမံခန့်ခွဲရန် သဘော တူညီချက် ရရှိအောင် ကူညီခြင်းအားဖြင့် ဥပဒေ ချိုးဖောက်ခဲ့ကြောင်း ပြည်သူရှေ့နေ အထက်ရုံးက စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဆိုသည်။

အန္တရာယ်ရှိပစ္စည်းများ တရားမဝင် သိုလှောင်မှုဖြင့် အခြားသံသယရှိသူ ၁၂ ဦးကိုလည်း ရဲက ဖမ်းဆီးထိန်းသိမ်းခဲ့ရာ ယခုအချိန်အထိ ဖမ်းဆီးထိန်းသိမ်းခံရသူမှာ ၂၃ ဦးအထိ ရှိလာခဲ့ပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly