စပိန်အသင်းရဲ့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားကျရှုံးမှုမျိုး ရှောင်ရှားလိုတယ်လို့ ဂျာမနီနည်းပြ ဂျိုအာချင်လို ပြော

စပိန်အသင်းရဲ့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားကျရှုံးမှုမျိုး ရှောင်ရှားလိုတယ်လို့ ဂျာမနီနည်းပြ ဂျိုအာချင်လို ပြော
(ဓာတ်ပုံ - အီးပီအေ)

ဂျာမနီနည်းပြ ဂျိုအာချင်လိုက သူ့အသင်းဟာ ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှု ရလိုပြီး ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ချန်ပီယံ စပိန်အသင်းလို အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရတဲ့ အဖြစ်မျိုးကနေ ရှောင်ရှားလိုတယ်လို့လည်း ကြာသပတေးနေ့က ပြောကြားသွားခဲ့ပါတယ်။

ဂျိုအာချင်လိုက လက်ရှိ ကမ္ဘာ့ဖလားချန်ပီယံနဲ့ ကွန်ဖက်ဒရေးရှင်းဖလားဆုပိုင်ရှင် ဂျာမနီအသင်းဟာ ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးဖြစ်တာကို သူအနေနဲ့ သိရှိထားပေမယ့် ပြိုင်ပွဲအတွင်းမှာ ရီးယဲလ်၊ ဘာစီလိုနာနဲ့ အက်သလက်တီကိုအသင်းများမှ ကစားသမားဖြင့် ဖွဲ့စည်းထားတဲ့ စပိန်အသင်းက အတောင့်တင်းဆုံး ဖြစ်တယ်လို့ စပိန်အသင်းနဲ့ သောကြာနေ့ ခြေစမ်းပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

စပိန်အသင်းဟာ အက်သလက်တီကိုရဲ့ pressing game ကစားဟန်၊ ရီးယဲလ်အသင်းရဲ့ မြန်နှုန်းမြင့်နဲ့ လျင်မြန်တဲ့ တန်ပြန်တိုက်စစ်ကစားဟန်၊ ဘာစီလိုနာရဲ့ ဘောလုံးပိုင်ဆိုင်မှု အသားပေးကစားပုံတွေနဲ့ ပေါင်းစပ်ထားတဲ့ ထိပ်တန်းအသင်းတစ်သင်းဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒဏ်ရာကြောင့် အနားယူနေရတဲ့ အသင်းခေါင်းဆောင် ဂိုးသမား နူအာရဲ့ နေရာမှာ စတီဂျန်က ကစားသွားလိမ့်မယ်လို့ နည်းပြ ဂျိုအာချင်လိုက ဆိုပါတယ်။

© EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly