မန်ယူအသင်းနဲ့ စာချုပ်ကို ဖျက်သိမ်းလိုက်တဲ့ အီဘရာဟီမိုဗစ်ချ်

မန်ယူအသင်းနဲ့ စာချုပ်ကို ဖျက်သိမ်းလိုက်တဲ့ အီဘရာဟီမိုဗစ်ချ်
(ဓာတ်ပုံ - အီးပီအေ)

ဆွီဒင်တိုက်စစ်မှူး ဇလာတန် အီဘရာဟီမိုဗစ်ချ်က မန်ယူအသင်းနဲ့ ကျန်ရှိနေသေးတဲ့ သူ့ရဲ့ စာချုပ်ကို ကြာသပတေးနေ့က ဖျက်သိမ်းခဲ့ပြီး သူဟာ အမေရိကန် မေဂျာလိဂ် အသင်းတစ်သင်းသို့ ပြောင်းရွှေ့ကစားတော့မယ်လို့ မျှော်လင့်ရပါတယ်။

“သူရောက်ရှိပြီးနောက်ပိုင်း အသင်းအတွက် သူ့ရဲ့ပေးဆပ်မှုတွေအတွက် ကလပ်အသင်းမှာရှိတဲ့ လူတိုင်း ဇလာတန်ကို ကျေးဇူးတင်ပါရစေ။ ပြီးတော့ အနာဂတ်မှာ ကောင်းမွန်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။”လို့ မန်ယူနိုက်တက်အသင်းက သူတို့ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

၂၀၁၆ ခုနှစ်က ပီအက်စ်ဂျီအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိခဲ့တဲ့ အီဘရာဟီမိုဗစ်ချ်ဟာ ယူနိုက်တက်အသင်းအတွက် ၅၃ ပွဲကစားခဲ့ရာ ၂၉ ဂိုးအထိ သွင်းယူခဲ့ပြီး လိဂ်ဖလားနှင့် ယူရိုပါလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်အောင် အသင်းကို ကူညီခဲ့ပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိ ကစားသမားဟာ မေဂျာလိဂ်ကလပ် LA Galaxy အသင်းထံ ပြောင်းရွှေ့ဖို့ ချိတ်ဆက်နေတယ်လို့ မီဒီယာတွေက ဖော်ပြကြတယ်လို့ သိရှိရပါတယ်။

© EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly