ကမ္ဘောဇဘဏ် မန္တလေးဘဏ်ခွဲ (၄၄)မှ ကျပ်သိန်း ၂ဝဝဝ လိမ်လည်ထုတ်ယူမှု ဖြစ်ပွား

ကမ္ဘောဇဘဏ် မန္တလေးဘဏ်ခွဲ (၄၄)မှ ကျပ်သိန်း ၂ဝဝဝ လိမ်လည်ထုတ်ယူမှု ဖြစ်ပွား

 

ရန်ကုန်၊ မတ်လ ၂၂ ။        ။ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ ကမ္ဘောဇဘဏ် မန္တလေးဘဏ်ခွဲ(၄၄)မှ ကျပ်သိန်း ၂ဝဝဝ လိမ်လည် ထုတ်ယူမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့ မတ်လ ၂၂ ရက်နေ့တွင် သတင်း ထုတ်ပြန်သည်။

မတ်လ ၂ဝ ရက်နေ့၊ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် မန္တလေးဘဏ်ခွဲ(၂)တာဝန်ခံ ဒေါ်ခင်မမထံသို့ ဒေါ်ခင်သန်း အေးဆိုသူ ရောက်ရှိလာပြီး ၎င်း၏ Current Account(စာရင်းရှင်) အား စစ်ဆေးခဲ့ရာ ငွေကျပ်သိန်း ၂ဝဝဝ ကွာနေကြောင်း သိရှိခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် အကောင့်အား ပြန်လည်စစ်ဆေးခဲ့ရာတွင် အသက် ၂၅ နှစ်အရွယ် ညွှန့်မောင် ဆိုသူက ဒေါ်ခင်သန်းအေး၏ Cheque စာအုပ်မှ စာရွက်အမှတ်စဉ် နံပတ်(…)အား အတုပြုလုပ်ပြီး  ငွေကျပ် သိန်း ၂ဝဝဝ ကို Current Account ထဲမှ ထုတ်ယူသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒေါ်ခင်အေးသန်းက ၎င်း၏ Cheque လက်မှတ်စာအုပ်အား ဘဏ်ခွဲ(၄၄)တာဝန်ခံ မကေသီခိုင်ထံ စစ်ဆေး ခံပြသခဲ့ရာတွင်လည်း Cheque စာရွက်မှ နံပတ်(…)မှာ စာအုပ် အတွင်း၌သာရှိနေခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ကြောင့် ဘဏ်ခွဲ(၄၄)တာဝန်ခံ မကေသီခိုင်က မတ်လ ၂၁ ရက်နေ့တွင် ချမ်းအေးသာစံမြို့မရဲစခန်းသို့ တိုင်ကြားခဲ့သည်။

လက်ရှိတွင် ထွက်ပြေးလွတ်မြောက်နေသည့် အသက် ၂၅ နှစ်အရွယ် ညွှန့်မောင်ဆိုသူကို ချမ်းအေးသာစံမြို့ မရဲစခန်းတွင်  (ပ)၁၄၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ- ၄၂ဝ( လိမ်လည်မှု)၊ ပုဒ်မ- ၄၆၈(အတုပြုလုပ်မှု)ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရန် ဆောင်ရွက်နေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly