နို့၊ပျားရည်… နှင့်ရေ

နို့၊ပျားရည်… နှင့်ရေ
THE SHAFDAN – Tel Aviv မြို့အနီး၊ ကမ္ဘာ့အကြီးဆုံးစွန့်ပစ် ရေအားသန့်စင်ပေးသော စက်ရုံများမှ တစ်ခု။ Photo- Embassy of Israel

မကြာသေးခင်နှစ်များတွင် ကျွန်တော်တို့သည် ရာသီဥတုပြောင်းလဲမှုများ အကြောင်းကို များစွာကြားသိခဲ့ရပြီး ကျွန်တော်တို့၏ နေထိုင်မှုဘဝများ၊ အထူးသဖြင့်ရေနှင့်ဆိုင်သော ကိစ္စများတွင် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာမည်ဖြစ်၍ - စတင်ဖြစ်ပေါ်နေပြီလည်း ဖြစ်သောကြောင့် အကျိုးဆက်အနေဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် ပါသက်ရောက်မှုများ ရှိလာမည်ဖြစ်ပါသည်။ ဆိုလိုသည်မှာ ပြောင်းလဲမှုများအတွက် လိုအပ်သော ပြင်ဆင်ချက်များဖြင့် အစာရေစာ ရှားပါးခြင်းကဲ့သို့သော ပိုမိုခက်ခဲသည့် အခြေအနေများအတွင်း၌ မိမိလူဦးရေအတွက် လိုအပ်မည့်အစားအစာထုတ်လုပ်မှုအား လုပ်ဆောင်ရန် ကမ္ဘာကြီးမှ အသင့်ဖြစ်နေသင့်ပါသည်။ အစ္စရေးနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကဲ့သို့ ရေအရင်းအမြစ်ရှားပါမှုများ   ဖြစ်ပေါ်နေသည့် မိုးနည်းဒေသများတွင် ထိုသို့သော အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းနိုင်ခဲ့ခြင်းသည် ထိုနိုင်ငံများနှင့် လူ့အဖွဲ့အစည်းများကို ဤသို့သော အခြေအနေမှ အရေးသာမှုတစ်ခု ပေးအပ်ထားခြင်းပင် ဖြစ်ပါသည်။ ဤဆောင်းပါးတွင် အစ္စရေးနိုင်ငံမှ ရေရှားပါးမှုများကို ကျော်လွှားနိုင်ခဲ့ခြင်းအား အကြောင်းပြု၍ ရရှိလာသော နည်းလမ်းများထဲမှ အချို့အား ဖော်ပြသွားမည်ဖြစ်ပါသည်။

နို့နှင့်ပျားရည်နယ်မြေဟုလည်း သိရှိကြသော အစ္စရေးနိုင်ငံ၏ ၆၀% မှာ သဲကန္တာရဖြစ်ပါသည်။ ရေလိုအပ်ချက်သည် နယ်မြေအတွင်းမှ ရရှိနိုင်သော သဘာဝရေထု၏ အချိုးအစားထက် ပိုမိုမြင့်မားနေသည့်တိုင်အောင် မကြုံစဖူးဖြစ်သော ငါးနှစ်ကြာမိုးခေါင်ခြင်းသည် လူနေအိမ်များနှင့် မြို့များသို့ရေပေးဝေခြင်းအား သက်ရောက်မှုမရှိစေဘဲ ၂၀၁၇ခုနှစ်တွင် မိုးခေါင်ခြင်း အဆုံးသတ်ခဲ့ပါသည်။ ဤကိစ္စကို မည်သို့အောင်မြင်စေနိုင်ခဲ့ပါသလည်း။ ခိုင်မာသည့် စွန့်ဦးတီထွင်မှု ၊ကြိုတင်တွေးဆခြင်းမူဝါဒနှင့် တိုးပွားလာသော သုံးစွဲသူများအား အသိရှိနေခြင်းစသည်တို့ အကျုံးဝင်ပါရှိသည့်ရေနှင့် ဆိုင်သော အပိုင်းကဏ္ဍကို ခြုံငုံ၍ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းအား ပြီးမြောက်စေခြင်းဖြင့် အစ္စရေးနိုင်ငံသည် ရေရှားပါးမှုကို ကျော်လွှားနိုင်ခဲ့ပြီး ရေကိစ္စအား စီမံခန့်ခွဲခြင်းနှင့် နည်းပညာကဏ္ဍတွင် ကမ္ဘာ့ဦးဆောင်သူအဖြစ် သိသာထင်ရှားလာခဲ့ပါသည်။ ဤဖြစ်စဉ်မှာ အစ္စရေးနိုင်ငံ၏ အံဖွယ်ရာရေကိစ္စနှင့် ၎င်း၏ အတွေ့အကြုံသည် ကမ္ဘာတစ်ဝှမ်းရှိရေရှားပါးမှုနှင့် ရင်ဆိုင်နေရသော အခြားနိုင်ငံများအား မည်သို့ကူညီနိုင်မည်ကို ထောက်ပြနိုင်ခဲ့ပါသည်။

အစ္စရေးနိုင်ငံ၏ နယ်မြေအပိုင်းအခြားသည် တစ်စိတ်တစ်ပိုင်း မိုးခေါင်ရေရှားသော ဥတုရာသီဇုန်အတွင်းတွင် တည်ရှိပြီး သမိုင်းတစ်လျောက်တွင် အောက်တိုဘာလနှင့် မတ်လအတွင်းရှိ ဆောင်းရာသီလများတွင်သာ ရွာသွန်းလေ့ရှိသော မိုးရေအပေါ်တွင် မှီခိုအားထားရပါသည်။ ရေရှားပါးမှုကြောင့် ပထဝီဝင်အနေအထား၊ စိုက်ပျိုးမွေးမြူရေးနှင့် ၎င်းဒေသတွင် နေထိုင်ကြသူများ၏ အကျိုးကို နှစ်ထောင်ပေါင်းများစွာကြာအောင် ဆိုးဝါးစွာ ထိခိုက်စေခဲ့ပါသည်။ ရေအောင်းလွှာများနှင့် အစ္စရေးနိုင်ငံ၏ တစ်ခုတည်းသော အဓိကရေချိုအရင်းအမြစ်ဖြစ်သည့် Galilee ပင်လယ်တို့မှ အဓိကအားဖြင့်ရရှိသော ပြန်လည်သန့်စင်နိုင်သည့် သဘာဝရေသန့် (RFNW) အားလိုအပ်ချက်နှင့် ထောက်ပံ့နိုင်မှုကွာဟခြင်းကို ကြီးမားလာစေသော ပြဿနာအား ပို၍ဆိုးဝါးစေရန် မကြာသေးခင်ဆယ်စုနှစ်များရှိ လူဦးရေတိုးတက်မှုမှ စောင့်မျှော်လျက်ရှိနေပါသည်။ ထို့ကြောင့်နည်းပညာတွင် အရေးပါသောရင်းနှီးမြုပ်နှံမှုများနှင့်အတူ ရေအရင်းအမြစ်အား စည်းစနစ်ကျစွာ စီမံခန့်ခွဲခြင်းသည် အစ္စရေးနိုင်ငံအတွက် အဓိက ဦးစားပေးသတ်မှတ်ချက် ဖြစ်လာခဲ့ပါသည်။ 

အစဦးအနေဖြင့် ၁၉၆၀နှင့် ၁၉၇၀ခုနှစ်များတွင် အစ္စရေးနိုင်ငံသည် ရေအခြေခံအရင်းအမြစ်ကို ထူးခြားကောင်းမွန်စွာ တိုးမြှင့်ခဲ့ပါသည်။ အဓိကကျသော စီမံချက်တစ်ခုသည် Galilee ပင်လယ်မှ သောက်သုံးနိုင်သည့် ရေများကို ၂၅၀ ကီလိုမီတာကွာဝေးသော တောင်ပိုင်းရှိ မိုးခေါင်ရေရှားဒေသများသို့ ယူဆောင်ပေးမည့်နိုင်ငံ၏ သုံးစွဲရေသယ်ယူရေးစနစ်တစ်ခုအား တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။ ထိုဆယ်စုနှစ်များတွင် သဘာဝသောက်သုံးရေများကိုသာ သောက်သုံးခြင်း၊ စိုက်ပျိုးမွေးမြူခြင်း၊ စက်မှုလုပ်ငန်းနှင့် မိမိအိမ်တွင်း သုံးစွဲမှုများတွင် အသုံးပြုခဲ့ကြပါသည်။ သဘာဝသောက်သုံးရေ၏ ပမာဏအများအပြားကို ကန့်သတ်ထားသောကြောင့် သုံးစွဲရေအား ထိန်းသိမ်းစောင့်ရှောက်ခြင်း နည်းပညာများနှင့် ပတ်သက်၍ လူထုအားပညာပေးရန် သုံးစွဲသူများအတွက် လှုံ့ဆော်ခြင်းများကို အစိုးရမှ စတင်ဆောင်ရွက်ခဲ့ပါသည်။ မကြာမီအချိန်တွင်နိုင်ငံ၏ ရေလုံလောက်မှုအား တိုးမြှင့်နိုင်ရန် အစက်ချရေပေးဝေခြင်းမိုးရေစုဆောင်းခြင်းနှင့် ရေယိုစိမ့်မှုအားပယ်ဖျက်နိုင်သော စနစ်များ စသည်ဖြင့် အသစ်ဖြစ်သော နည်းပညာများကို အစ္စရေးနိုင်ငံတွင် တီထွင်နိုင်ခဲ့ပါသည်။

အစ္စရေးနိုင်ငံအတွက် အခြားနည်းပညာဆိုင်ရာ ထိုးဖောက်ကျော်လွှားနိုင်မှုသည် များစွာသော ရေပမာဏကို ပြန်လည်အသုံးပြုနိုင်ရန် နည်းလမ်းများအား ဖန်တီးခဲ့ခြင်းဖြစ်ပါသည်။ ၁၉၈၅ခုနှစ်တွင် စိုက်ပျိုးမွေးမြူခြင်းအတွက် ပြုပြင်ထားသော စွန့်ပစ်ရေအား စတင်အသုံးပြုခဲ့ပြီး ပြန်လည်အသုံးပြုနိုင်သောရေများအတွက် ဒေသအလိုက်ရေဖြန့်ဝေခြင်းစနစ်များကို တည်ဆောက်ခဲ့ပါသည်။ ယနေ့ခေတ်တွင် အစ္စရေးနိုင်ငံသည် နိုင်ငံ၏ စွန့်ပစ်ရေ၈၅% ကျော်အား ပြန်လည်အသုံးပြုလျက်ရှိပြီး - အစ္စရေးနိုင်ငံအား ကမ္ဘာ့နံပါတ်တစ် ရေပြန်လည်သုံးစွဲသူအဖြစ် သတ်မှတ်ခံရပါသည်။

၂၀၁၅ခုနှစ်မှ စတင်၍ အစ္စရေးနိုင်ငံသည် ကမ္ဘာပေါ်ရှိအကြီးဆုံးဖြစ်သော ပင်လယ်ရေအား ရေချိုဖြစ်အောင် ပြုလုပ်ခြင်း အစီအစဉ်များထဲမှ တစ်ခုအား စတင်လုပ်ဆောင်ခဲ့ပါသည်။ အစ္စရေးနိုင်ငံ Mediterranean ကမ်းရိုးတန်းတစ်လျောက်တွင် ပင်လယ်ရေအား ရေချိုဖြစ်အောင် ပြုလုပ်နိုင်သည့် စက်ရုံကြီးငါးခုမှ reverse osmosis နည်းပညာဖြင့် သောက်သုံးနိုင်သောရေသန်း ၆၅၀ ကုဗမီတာကို ထုတ်လုပ်လျက်ရှိပါသည်။ ၂၀၁၇ခုနှစ်တွင် အစ္စရေးနိုင်ငံ၏ သောက်သုံးရေ ၃၅ % ကို ပင်လယ်ရေအား ရေချိုဖြစ်အောင် ပြုလုပ်ခြင်းမှ ရရှိခဲ့ပြီး ၂၀၂၅ခုနှစ်တွင် ပင်လယ်ရေအား ရေချိုဖြစ်အောင် ပြုလုပ်ခြင်းမှ ရရှိသော ရေထောက်ပံ့မှု စုစုပေါင်း လိုအပ်ချက်ကို၄၅ % အထိ တဖြည်းဖြည်း တိုးမြှင့်ရန် စီစဉ်ထားပါသည်။

ကောင်းမွန်သော စီမံခန့်ခွဲမှုသည် အစ္စရေးနိုင်ငံ၏ ရေနှင့်ပတ်သက်သော အောင်မြင်မှုအား များစွာ ထောက်ပံ့နိုင်ခဲ့ပါသည်။ နှစ်ပေါင်းများစွာကြာအောင် အစ္စရေးနိုင်ငံသည် လုံလောက်သော ရေကဏ္ဍအတွက် တရားဝင်၍ စည်းကမ်းတကျဖြစ်သည့် ကန့်သတ်ချက် ထားရှိခဲ့ပါသည်။ ၂၀၁၇ ခုနှစ်တွင် ရေနှင့်စွန့်ပစ်ရေဆိုး စီမံခန့်ခွဲရေးအဖွဲ့မှ လုပ်ဆောင်သည့် ရေအားထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ပြန်လည်အသုံးပြုခြင်း၊ ခွဲဝေခြင်း၊ ပင်လယ်ရေအား ရေချိုဖြစ်အောင်ပြုလုပ်ခြင်း၊ သုံစွဲသူများအား ပညာပေးခြင်းနှင့် ခေတ်မှီမြို့ပြနည်းပညာများစသော ရေနှင့် ပတ်သက်သည့် ကိစ္စများအား လုံးအား စီမံခန့်ခွဲရန်အတွက် “ဝန်ဆောင်မှုများအား တစ်နေရာထဲတွင် ရရှိနိုင်သောနေရာ” ကို ဖန်တီးခဲ့ပါသည်။

အစ္စရေးနိုင်ငံ၏ ဆန်းသစ်သော နည်းပညာများသည် ရေရှားပါးမှုနှင့် ရေအရည်အသွေး ကိစ္စများ ကြီးထွားလာမှုအား ရင်ဆိုင်နေရသည့် နိုင်ငံတကာအဖွဲ့အစည်းများကိုလည်း ကူညီလျက်ရှိပါသည်။ ရေသုံးစွဲနိုင်ခွင့်နှင့် သန့်ရှင်းသော ရေရရှိနိုင်ရေးတို့သည် ကမ္ဘာတစ်ဝှမ်းရှိလူသားများ ရင်ဆိုင်နေရသော အဓိက စိန်ခေါ်မှုများဖြစ်ပါသည်။ UNICEF ၏ ဖော်ပြချက်အရ ၂.၁ ဘီလီယံပမာဏရှိသော လူသားများသည် ဘေးကင်းသော သောက်သုံးရေရရှိမှုမရှိကြပါ။ ရာသီဥတုပြောင်းလဲမှုများနှင့် သဘာဝရေအရင်းအမြစ် လျော့နည်းလာမှုများကြောင့် များစွာသောလူများနှင့် နိုင်ငံများသည် အစ္စရေးကဲ့သို့ ရေရှားပါးမှု ကိစ္စများနှင့် ကြုံတွေ့လာမည်ဖြစ်ပါသည်။ အစ္စရေးမှ အစပြုခဲ့သော MASHAV - အပြည်ပြည်ဆိုင်ရာ ဖွ.ံဖြိုးတိုးတက်ရေး အေဂျင်စီသည် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ရေနှင့်ဆိုင်သော နည်းပညာများကို ယူဆောင်ပေးလျက်ရှိပြီး ကမ္ဘာတစ်ဝှမ်းတွင် ဘေးကင်းသောရေရှိရန် ဆောင်ရွက်ချက်များကို ပို့ချသင်ကြားပေးနေပါသည်။ အစ္စရေးနိုင်ငံသည် အခြားနိုင်ငံအများအပြားနှင့် MOUs (နားလည်မှု သဘောတူလက်မှတ်ရေးထိုးခြင်း) ထားရှိပြီးတရုတ်၊ အိန္ဒိယ၊ မက္ကဆီကို၊ အီတလီ၊ ဘရာဇီး၊ တောင်ကိုရီးယား၊ ရုရှား၊ ကနေဒါနှင့် အမေရိကန်ပြည်ထောင်စုတို့နှင့် အတူရေနှင့် ဆိုင်သော နည်းပညာများအတွက် စီစဉ်ဆောင်ရွက်နေပါသည်။

အစ္စရေးနိုင်ငံအစိုးရနှင့် အစ္စရေးကုမ္ပဏီများသည် ဤအခြေခံသဘောတရားများနှင့် နည်းပညာများမှ အချို့ကိုမြန်မာနိုင်ငံတွင် အကောင်အထည်ဖော်နိုင်စေရန် တက်ကြွစွာ ဆောင်ရွက်လျက်ရှိပါသည်။ ကျွန်တော်တို့သည် မြန်မာနိုင်ငံရှိ အုပ်ချုပ် ရေးအာဏာပိုင်အဖွဲ.အစည်းများ၊ ပြည်သူများနှင့်အတူ ကျွန်တော်တို့၏ လေ့လာတွေ.ရှိချက်များကို မျှဝေရခြင်းအား လွန်စွာဝမ်းမြောက်မိပါသည်။  ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly