မြန်မာ Vs ကာဂျစ္စတန် မတ်လ ၂၂ ရက်နေ့ တောင်ကိုရီးယား၊ အင်ချွန်ကွင်းမှာ ကစားမည်၊ ကွင်းဝင်ကြေး အခမဲ့သတ်မှတ်

မြန်မာ Vs ကာဂျစ္စတန် မတ်လ ၂၂ ရက်နေ့ တောင်ကိုရီးယား၊ အင်ချွန်ကွင်းမှာ ကစားမည်၊ ကွင်းဝင်ကြေး အခမဲ့သတ်မှတ်
(ဓာတ်ပုံ - MFF)

မြန်မာ့လက်ရွေးစင်အသင်းဟာ အာရှဖလားခြေစစ်ပွဲအဖြစ် ကာဂျစ္စတန်အသင်းနဲ့ မတ်လ ၂၂ ရက်နေ့မှာ တောင်ကိုရီးယား စံတော်ချိန် ညနေ (၃း၀၀)နာရီ၊ မြန်မာစံတော်ချိန် မွန်းလွဲ (၁၂း၀၀) နာရီမှာ Incheon Football Stadium (အင်ချွန် ယူနိုက်တက်အသင်း အိမ်ကွင်း)မှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး ကွင်းဝင်ကြေး အခမဲ့သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြန်မာနှင့် ကာဂျစ္စတန်ပွဲစဉ်ကို ပြည်တွင်းရုပ်သံလိုင်းများဖြစ်တဲ့ For Sport Channel (MFF TV Partner)၊ မြန်မာ့ရုပ်မြင်သံကြား MRTV နှင့် မြဝတီ ရုပ်သံတို့မှလည်း တိုက်ရိုက်ပြသပေးသွားမှာဖြစ်ပါတယ်။

အဆိုပါအင်ချွန်ကွင်းမှာ မြန်မာအသင်းဟာ ကာဂျစ္စတန် အသင်းနှင့် အာရှဖလားခြေစစ်ပွဲအတွက် Official Training အစီအစဉ်များ ယနေ့ မတ်လ ၂၁ ရက်၊ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ပါတယ်။ လေ့ကျင့်စဉ်အတွင်း နှင်းမိုးများ ကျဆင်းခဲ့ပြီး အပူချိန်မှာလည်း ၃ ဒီဂရီစင်တီဂရိတ်သာ ရှိခဲ့တယ်လို့ သိရပါတယ်။ 

မြန်မာအသင်း အာရှခြေစစ်ပွဲ အောင်မြင်ရေးအတွက် အရေးကြီးဆုံးပွဲစဉ်မှာ ကာဂျစ္စတန်နှင့်ပွဲစဉ်ဖြစ်ပြီး ကာဂျစစ္စတန် အသင်းကို အနိုင်ရခဲ့မယ်ဆိုရင် ခြေစစ်ပွဲအောင်မြင်ဖို့ ရာခိုင်နှုန်း ပိုများလာမှာ ဖြစ်ပါတယ်။

မြန်မာအသင်းဟာ အာရှဖလား တတိယအသင့်ခြေစစ်ပွဲ အုပ်စု (A) မှာ အိန္ဒိယ၊ ကာဂျစ္စတန်၊ မကာအိုအသင်းတို့နှင့်အတူ ကျရောက်နေပြီး (၄) ပွဲကစားပြီးချိန်မှာ (၅)သာ ရရှိထားပါတယ်။

အုပ်စုအတွင်း အိန္ဒိယအသင်းက (၅)ပွဲကစား၊ ရမှတ် ၁၃ မှတ်ဖြင့် ခြေစစ်ပွဲအောင်မြင်ထားပြီး ကာဂျစ္စတန်က (၄)ပွဲမှာ (၇) မှတ်၊ မက္ကာအိုအသင်းက (၅)ပွဲ၊ ရမှတ် (ဝ)ဖြင့် အသီးသီး ရပ်တည်နေပါတယ်။

မြန်မာအသင်းဟာ အာရှခြေစစ်ပွဲအောင်မြင်ဖို့ လက်ကျန်ပွဲစဉ် ၂ ပွဲဖြစ်တဲ့ ကာဂျစ္စတန်၊ မကာအိုတို့နဲ့ပွဲစဉ်တွေမှာ ရလဒ်ကောင်းဖို့ လုပ်အပ်နေပါတယ်။

မြန်မာအသင်းရဲ့ အာရှဖလား တတိယအသင့်ခြေစစ်ပွဲရလဒ်များ

မြန်မာ ဝ-၁ အိန္ဒိယ
မာကာအို ဝ-၄ အိန္ဒိယ
မြန်မာ ၂-၂ ကာဂျစ္စတန်
အိန္ဒိယ ၂-၂ မြန်မာ

မြန်မာအသင်း အာရှဖလားခြေစစ်ပွဲ လက်ကျန် (၂) ပွဲ

မတ်လ ၂၂ ရက် (၁၂း၃၀)နာရီ၊ အင်ချွန်မြို့။။
ကာဂျစ္စတန်နှင့် မြန်မာ

မတ်လ ၂၇ ရက် (၆း၀၀)နာရီ၊ ရန်ကုန်မြို့။
မြန်မာနှင့် မကာအို

Ref; MFF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags