ဒါရိုက်တာကြီး စတီဗင်စပီးဘတ်ဂ်က သူ့ရဲ့အဘိုးလိုပါပဲ ဆိုပြီး ပြောသွားတဲ့ မိုရီဆာကီဝင်း

ဒါရိုက်တာကြီး စတီဗင်စပီးဘတ်ဂ်က သူ့ရဲ့အဘိုးလိုပါပဲ ဆိုပြီး ပြောသွားတဲ့ မိုရီဆာကီဝင်း

Ready Player One ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့စဉ်တုန်းက ဒါရိုက်တာကြီး စတီဗင် စပီးဘတ်ဂ်ဟာ သူ့အပေါ် အဘိုးတစ်ယောက်လိုမျိုး ဆက်ဆံခဲ့ပါတယ်ဆိုပြီး အဝင်းလို့ မြန်မာပရိသတ်တွေ ချစ်စနိုးခေါ်ကြတဲ့ မိုရီဆာကီဝင်းက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

နာမည်ကြီး ဟောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာကြီး စပီးဘတ်ဂ် ရိုက်ကူးမယ်လို့ သိသိချင်းမှာပဲ ယင်းဇာတ်ကားမှာ အဓိကနေရာတစ်နေရာကနေ ပါဝင်ချင်ခဲ့ပါတယ်ဆိုပြီး Toshiro Yoshiaki နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အသက် ၂၇ နှစ်ရှိ မိုရီဆာကီဝင်းက ပြောပါတယ်။

ဒါ့အပြင် အဲဒီ ရုပ်ရှင်ကားကြီးမှာ ပါဝင်ရိုက်ကူးခဲ့ရတာက ကြီးကျယ်ခမ်းနားတဲ့ အိပ်မက်တစ်ခုကို မက်နေရသလို မျိုး ခံစားရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ၎င်းနဲ့ ဒါရိုက်တာကြီး စပီးဘတ်ဂ်တို့အကြားက နွေးထွေးတဲ့ ဆက်ဆံရေးကိုပါ ဖွင့်ဟသွားခဲ့ပါတယ်။

" စတီဗင်က ကျွန်တော့်အပေါ် အရမ်းကို နွေးနွေးထွေးထွေး ရှိခဲ့တာဗျ၊ အတော့်ကို ကြည်ကြည်ဖြူဖြူ ရှိခဲ့ပါတယ်၊ သူနဲ့ အလုပ်လုပ်ရတာ အရမ်းကို ကောင်းမွန်ပြီး သက်တောင့်သက်သာလည်း   ဖြစ်ခဲ့ပါတယ်၊ နောက်ပြီး သူ့ကို ကျွန်တော့်အဘိုးလိုမျိုးလည်း ခံစားမိတယ်ဗျ ၊ ဘာလို့လဲဆိုတော့ မနက်ခင်းတိုင်း သူက ကျွန်တော့်ကို ပွေ့ဖက်တယ်လေ၊  ပုံမှန်ဆိုရင် အရင်က ဒီလို လူတစ်ယောက်နဲ့တစ်ယောက်အကြား ပွေ့ဖက်တာမျိုးက အရင်က မကြုံဖူးဘူးလေ၊ ဒါဟာ ဒါရိုက်တာတစ်ယောက်နဲ့ ပွေ့ဖက်ပြီးနွေးနွေးထွေးထွေး ရှိဖြစ်တာ ဒါ ကျွန်တော့်အတွက် ပထမဆုံးပါပဲ၊ အဲဒီအတွက် အရမ်းလည်း ပျော်မိပါတယ်" ဆိုပြီး မိုရီဆာကီဝင်းက ပြောသွားပါတယ်။

၎င်း ပါဝင်ရိုက်ကူးခဲ့တဲ့ စိတ်ကူးယဉ်သိပ္ပံဇာတ်ကားဖြစ်တဲ့ Ready Player One ဇာတ်ကားကတော့ နာမည်ကြီး စာရေးဆရာ Ernest Cline ရဲ့ အရောင်းရဆုံး စာအုပ်ကို အခြေတည် ရိုက်ကူးထားတာဖြစ်ပါတယ်။

အဲဒီဇာတ်ကားမှာ ဇာတ်ကောင်တစ်နေရာစာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့အဝင်းဟာ ဒီဇာတ်ကားအထူးပွဲအတွက် လန်ဒန်မြို့ကိုရောက်ရှိနေပြီး LA ကိုလည်း ဆက်သွားဖို့ ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly