လစ်ဗျားအစိုးရမှ ပေးသော ငွေကြေးအထောက်အပံ့ကို လက်ခံထားခဲ့မှုဖြင့် ပြင်သစ်သမ္မတဟောင်း ဆာကိုဇီ ထိန်းသိမ်းစစ်ဆေးခံနေရ

လစ်ဗျားအစိုးရမှ ပေးသော ငွေကြေးအထောက်အပံ့ကို လက်ခံထားခဲ့မှုဖြင့် ပြင်သစ်သမ္မတဟောင်း ဆာကိုဇီ ထိန်းသိမ်းစစ်ဆေးခံနေရ

မတ် ၂၀ ။        ။ ကွယ်လွန်သူ လစ်ဗျားအာဏာရှင် မိုမာ ကဒါဖီ အစိုးရထံမှ တရားမဝင် ထောက်ပံ့ပေးအပ်ခဲ့သော ယူရိုသန်းနှင့်ချီသည့် ငွေကြေးများကို လက်ခံထားခဲ့မှုကိစ္စဖြင့် ယခုအခါ ပြင်သစ်သမ္မတဟောင်း နီကိုလပ်စ် ဆာကိုဇီအား ရဲက ခေါ်ယူထိန်းသိမ်း စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

ဆာကိုဇီအနေဖြင့် ၂၀၀၇ ပြင်သစ်ရွေးကောက်ပွဲ မဲဆွယ်ကာလက လစ်ဗျားအစိုးရထံမှ ပေးသော တရားမဝင် ငွေကြေးအထောက်အပံ့ကို အမှန်တကယ် လက်ခံထားခဲ့ခြင်း ရှိမရှိ ရဲတပ်ဖွဲ့က စုံစမ်းစစ်မေးနေပြီဖြစ်သည်။

အသက် ၆၃ နှစ်ရှိ ဆာကိုဇီအနေဖြင့် အဆိုပါ လစ်ဗျားငွေကြေးအရှုပ်အရှင်းကိစ္စဖြင့် ဆင့်ခေါ်စစ်မေးခံနေရမှုကိစ္စနှင့်ပတ်သက်၍ လက်ရှိအချိန်ထိ တစ်စုံတစ်ရာ တုန့်ပြန်ပြောကြားခြင်း မရှိသေးပေ။

သို့သော် အဆိုပါ ပြင်သစ်ခေါင်းဆောင်ဟောင်း၏ မဲဆွယ်ကာလအတွင်း ၎င်းထံသို့ လစ်ဗျားခေါင်းဆောင်က ပေးပို့လိုက်သည့် ငွေစက္ကူသေတ္တာ သုံးလုံးကို ပို့ဆောင်ပေးခဲ့သည်ဆိုပြီး  ပြီးခဲ့သည့် နိုဝင်ဘာလတုန်းက စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ထုတ်ဖော်ဝန်ခံခဲ့ပြီးနောက် ယင်းကိစ္စအပေါ် ပိုမိုတင်းကျပ်စွာ စုံစမ်းစစ်ဆေးနေခြင်း ဖြစ်သည်။

ယခုကဲ့သို့ သမ္မတဟောင်း ဆာကိုဇီ ထိန်းသိမ်းခေါ်ယူခံထားရသည့် ကိစ္စကို Mediapart သတင်းဆိုဒ်နှင့် Le Monde ပြင်သစ်သတင်းစာတို့က ကနဦး ဖော်ပြခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly