ပခုက္ကူ-ရေစကြို ကားလမ်းပေါ်ရှိ မေတ္တာစိမ့်စမ်းဘေးမဲ့တိရိစ္ဆာန်ဥယျာဉ် အလှူရှင်များလိုအပ်နေ

ပခုက္ကူ-ရေစကြို ကားလမ်းပေါ်ရှိ မေတ္တာစိမ့်စမ်းဘေးမဲ့တိရိစ္ဆာန်ဥယျာဉ် အလှူရှင်များလိုအပ်နေ

ပခုက္ကူ၊မတ်လ ၂၀ ။             ။ ပခုက္ကူ-ရေစကြို ကားလမ်းဘေးက မေတ္တာစိမ့်စမ်းဘေးမဲ့ တိရိစ္ဆာန်ဥယျာဉ်အနေဖြင့် အခက်အခဲများဖြင့် ရပ်တည်နေရသည်ဟု တာဝန်ခံများထံမှ သိရသည်။

မေတ္တာစိမ့်စမ်းဘေးမဲ့ဥယျာဉ်အနေဖြင့် တိရစ္ဆာန် ၁၃မျိုးကို ထိန်းသိမ်းစောင့်ရှောက်နေရတယ်လို့ တာဝန်ခံ ဒေါ်ဥမ္မာသန်းက ဆိုသည်။

" အနယ်နယ်အရပ်ရပ်က လာပြီးလှူဒါန်းထားတဲ့ တိရိစ္ဆာန်က လက်ရှိ အကောင်ရေ ၅၀၀ကျော် ၊ တိရစ္ဆာန် ၁၃မျိုးကို ထိန်းသိမ်းစောင့်ရှောက်နေရပါတယ်။ လက်ရှိ အများဆုံးက နွားတွေပါ။ အခြား ခွေး၊ကျွဲ၊ကြောင်၊မျောက် တွေလည်း ထိန်းသိမ်းစောင့်ရှောက် ထားပါတယ်"ဟု ဒေါ်ဥမ္မာသန်းက မဇ္ဈိမ သို့ ပြောသည်။

ပိုင်ရှင်များက ခိုင်းနွားများကို မသတ်ရက်သဖြင့် အများဆုံးလာရောက်လှူဒါန်းကြသည်ဟု ထပ်မံသိရသည်။

" အဓိက က ခိုင်းနွားတွေ ခိုင်းလို့မရလို့ လာလှူကြတာရှိတယ်။ သူတို့ကို မသတ်ရက်ကြလို့ ဒီ ဂေဟာမှာ လာပို့ထားကြတာပါ"ဟု ဒေါ်ဥမ္မာသန်းက ပြောသည်။

ဘေးမဲ့တိရိစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် လစဉ် သိန်း ၆၀ ကျော် ကုန်ကျနေပြီး လက်ရှိအနေဖြင့် လစဉ်လှူဒါန်းသူများ ရှိသော်လည်း အခက်အခဲများနေသည်ဟု သိရသည်။

"လစဉ်ကုန်ကျစရိတ်က သိန်း ၆၀လောက်ရှိတယ်။ လောလောဆယ် လစဉ်အတွက် ၂၅သိန်း လောက်ဘဲရှိတယ်"ဟု တာဝန်ခံဒေါ်ဥမ္မာအေးက ပြောသည်။

လက်ရှိအနေဖြင့် တိရိစ္ဆာန် အစားအစာစရိတ်များအပြင် ဆေးဝါးကုသ စရိတ် များပါ ရှိနေသည်ဟု သိရသည်။ အဆိုပါ မေတ္တာစိမ့်စမ်းဘေးမဲ့တိရိစ္ဆာန်ဥယျာဉ်ကို ၂၀၁၀ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး မြေဧက ၁၅ ဧက ကျော်ဖြင့် တစ်ဦးတည်းအလှူရှင်တစ်ဦးက စတင်တည်ထောင်ထားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly