ဖင်လန်နိုင်ငံတောင်ပိုင်း ရေခဲပြင်ပေါ်မှာ သောင်တင်နေတဲ့ သမင်ပေါက်လေးကို ကယ်တင်

ဖင်လန်နိုင်ငံတောင်ပိုင်း ရေခဲပြင်ပေါ်မှာ သောင်တင်နေတဲ့ သမင်ပေါက်လေးကို ကယ်တင်

မတ် ၂၀ ။           ။ ဖင်လန်နိုင်ငံတောင်ပိုင်း အင့်ကူးကျွန်းစု ရေခဲပြင်ပေါ်မှာ မသွားနိုင်မလာနိုင် သောင်တင်နေလျက်ရှိတဲ့ သမင်ပေါက်လေးတစ်ကောင်ကို ဖင်လန်နယ်ခြားစောင့်တပ်ဖွဲ့က ကယ်တင်ပေးခဲ့ရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်က ဖင်လန် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေရဲ့ ပုံမှန် ကင်းလှည့်စောင့်ကြည့်မှုတစ်ခုအတွင်း ယခုလိုမျိုး သမင်ပေါက်လေးတစ်ကောင်ကို ရေခဲပြင်ပေါ်မှာ အားကိုးရာမဲ့ သောင်တင်နေလျက်ရှိတာကို တွေ့ရှိ ကယ်ဆယ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ယင်းသမင်ပေါက်လေးကို ကယ်တင်ပေးခဲ့ရပုံကို ရိုက်ကူးထားတဲ့ ဗီဒီယိုတစ်ခုကိုလည်း ဖင်လန် နယ်ခြားစောင့်တပ်ဖွဲ့က ဆိုရှယ်မီဒီယာပေါ် တင်ခဲ့ပါတယ်။

ဗီဒီယိုထဲမှာတော့ နယ်ခြားစောင့်တပ်ဖွဲ့တစ်ဦးက ရေခဲပြင်ပေါ်မှာ မပြေးမလွှားနိုင်ဖြစ်နေတဲ့ သမင်ပေါက်လေးကို ဆွဲခေါ်ပြီး တောထဲကို လွှတ်ပေးလိုက်ပုံကို မြင်တွေ့ရမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly