မူးယစ်ဆေးဝါးရောင်းဝယ်သူများကို သေဒဏ်ပြစ်ဒဏ်ပေးနိုင်ရန် ထရမ့်ကြိုးပမ်း

မူးယစ်ဆေးဝါးရောင်းဝယ်သူများကို သေဒဏ်ပြစ်ဒဏ်ပေးနိုင်ရန် ထရမ့်ကြိုးပမ်း

 

ဝါရှင်တန်၊ အမေရိကန်၊ မတ် ၂၀ ။                             ။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အမေရိကန်နိုင်ငံအတွင်းမူးယစ်ဆေးဝါးများ လျင်မြန်စွာပျံ့နှံ့လာမှုကို ဆန့်ကျင်တိုက်ဖျက်မည့် သူ၏အစီအစဉ်များထဲမှတစ်ခုအဖြစ် မူးယစ်ဆေးဝါးမှောင်ခိုသမားများကို သေဒဏ်ပြစ် ဒဏ်ချမှတ်နိုင်မည့် အစီအစဉ်တစ်ခုကို တနင်္လာနေ့က ထုတ်ဖော်ပြောကြားခဲ့သည်။

မူးယစ်ဆေးဝါးမှောင်ခိုသမားများကို သင့်လျော်စွာပြစ်ဒဏ်ချမှတ်နေသည့် ဥပဒေတစ်ခု လက်ရှိအချိန်တွင် ရှိနေသော်လည်း အကြီးလေးဆုံးပြစ်ဒဏ်ချမှတ်သွားနိုင်ရန်အတွက် ဒေါ်နယ်ထရမ့်က မူးယစ်ဆေးဝါးပဋိပက္ခကို အများဆုံးခံစားနေရသော နယူးဟမ့်ရှိုင်းယားပြည်နယ် မန်ချက်စတာမြို့၌ မိန့်ခွန်းပြောကြားခဲ့စဉ်တွင်  ယခုလို ပြောဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် အမေရိကန်ပြည်သူ ၂.၄ သန်းခန့်သည် ဘိန်းဖြူနှင့်မော်ဖင်းကဲ့သို့သော နာကျင်ကိုက်ခဲမှု ကိုပျောက်စေသည့် Opioid ဆိုသော ဆေးဝါးကုထုံးတစ်မျိုးကို စွဲလမ်းနေကြကြောင်း အချက်အလက်များ အရသိရသည်။

ထရမ့်သည် မူးယစ်ဆေးဝါးပဋိပက္ခကို ဖြေရှင်းနိုင်ရန်ကြိုးပမ်းသွားမည်ဟု သူသမ္မတရာထူးကိုလက်ခံရယူစဉ် ကတည်းက ကတိပေးထားခဲ့ဖူးသည်။

အစိုးရမှထောက်ပံ့ပေးထားသော အဖွဲ့အစည်းတစ်ခုဖြစ်သည့် အမျိုးသားကျန်းမာရေးဌာန၏ အဆိုအရ တစ်နေ့ လျှင် ပျှမ်းမျှအမေရိကန်ပြည်သူ ၁၁၅ ဦးခန့်သည် ဆေးဝါးအလွန်အကျွံသုံးစွဲမှုကြောင့် သေဆုံးမှုများဖြစ်ပွားနေ သည့်အတွက် ထရမ့်အနေဖြင့် ကြိုးပမ်းမှုမစတင်မီခင်ကပင် အခက်အခဲများနှင့်ရင်ဆိုင်နေရသည်။

မူးယစ်ဆေးဝါးနှင့်ပက်သက်သော လူသတ်မှုများသည် အမေရိကန်ပြည်ထောင်စုတွင် သေဒဏ်ပြစ်ဒဏ်ဖြစ် သော်လည်း မည်သူကမှ ယင်းဥပဒေအတိုင်း ကွပ်မျက်ခံခဲ့ရခြင်းမရှိသေးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly