ရေကြီးမှုကြောင့် ဧရာဝတီတိုင်းတွင် ကျပ်ငွေ သန်း ၂၃,၆၀၀ ကျော် ဆုံးရှုံးခဲ့ဟု ဆို

ရေကြီးမှုကြောင့် ဧရာဝတီတိုင်းတွင် ကျပ်ငွေ သန်း ၂၃,၆၀၀ ကျော် ဆုံးရှုံးခဲ့ဟု ဆို
ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်ရှိ စိုက်ခင်းများ ရေမြှုပ်နေသည်ကို သြဂုတ်လဆန်းပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ- ဟောင်ဆာ(ရာမည)

ဧရာဝတီတိုင်းဒေသကြီးအတွင်း သြဂုတ်လတွင်း ဖြစ်ပွားခဲ့သော ရေကြီးမှုများကြောင့် ကျပ်ငွေ ၂၃,၆၀၁ ဒသမ ၂၂၉ သန်း  ဆုံးရှုံးခဲ့ကြောင့် တိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေးဝန်ကြီး ဦးစန်းမောင်က မဇ္ဈိမကို ပြောသည်။

သြဂုတ်လအတွင်း မြစ်ရေတက်ပြီး ရြေက်ီးမှုကြောင့် မြို့နယ် ၁၉ မြို့နယ်တွင် အိမ်ထောင်စု  ၁၂၀,၀၀၀ ကျော်၊ လူဦးရေ  ၅၀၀,၀၀၀ ကျော် ခံစားရပြီး၊ လယ်မြေ ဧက ၃၀၀,၀၀၀ ကျော် ရေနစ်မြုပ်ခဲ့ကာ၊ လယ်မြေ ဧက ၂၀၀,၀၀၀ နီးပါး ပျက်စီးခဲ့ကြောင်း တိုင်းဒေသကြီး အစိုးရက ထုတ်ပြန်သည့် စာရင်းများအရ သိရှိရသည်။

ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးမွေးမြူးရေးဝန်ကြီး ဦးစန်းမောင်က “တိုင်းအတွင်းအခြေအနေ နှင့် ပတ်သက်ပြီး အခု ပြန်လည်ထူထောင်ရေးထက် ကယ်ဆယ်ရေးတွေ လုပ်နေရတုန်း၊ အခု အပေါ် ကရေတွေ ဆင်းလာတာလေ။ အောက်မှာရေတွေ မဆင်းသေးဘူး။ လယ်သမားတွေအတွက် ပြည်ထောင်စုအစိုးရကို တင်ပြထားတယ်၊ အခု ပြန်စိုက်ချိန်မှီအောင် သက်ငယ်စပါးပဲ စိုက်လို့ရမယ်” ဟု မဇ္ဈိမကို ပြောသည်။

တိုင်းဒေသကြီးအစိုးရက ခရိုင်အလိုက်တွင် ဖြန့်ဝေပေးရန် မျိုးစပါးစုစုပေါင်း ၄၄၉,၈၆၆ တင်း ကို စုထားပြီးဖြစ်သည်ဟုလည်း တိုင်းဒေသကြီးအစိုးရ ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုကိုက  မဇ္ဈိမကို ပြောသည်။
သြဂုတ် ၂၇ အထိ ဧရာဝတီတိုင်း ကျောင်းကုန်းမြို့တွင် စာသင်ကျောင်း ၄၀ ပိတ်ထားရပြီး  ရေကြီးနစ်မြုပ်မှုကြောင့် အမက ကျောင်းခုနစ်ကျောင်း အသစ်ပြန်လည်တည်ဆောက်ရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly