ခန္ဓာကိုယ်အတွင်း အသားပိုအကျိတ်တွေ့ရှိထားဟု အီဖန်းခန်းဖွင့်ဟ

ခန္ဓာကိုယ်အတွင်း အသားပိုအကျိတ်တွေ့ရှိထားဟု အီဖန်းခန်းဖွင့်ဟ

 

ဘောလိဝုဒ်ရုပ်ရှင်လောကမှ နာမည်ကြီးမင်းသားတစ်လက်ဖြစ်ပြီး နာမည်ကျော်နိုင်ငံတကာရုပ်ရှင်များဖြစ်သည့် Slumdog Millionaire ၊ The Amazing Spider-Man နှင့် Life of Pi တို့၌ ပါဝင်သရုပ်ဆောင်ခဲ့သော မင်းသားကြီးအီဖန်းခန်းက သူသည် ခန္ဓာကိုယ်အတွင်း၌ အသားပိုအကျိတ်တွေ့ရှိထားသောကြောင့် ဆေးကုသ မှုခံယူရန် နိုင်ငံခြားသို့ခရီးထွက်ခွာရမည်ဟု ဖွင့်ဟပြောဆိုခဲ့သည်။

အီဖန်းခန်းက သူ၏အသားပိုအကျိတ်သည် ကင်ဆာအဆင့်ဖြစ်နေသလားဆိုတာကို ပြောကြားခဲ့ခြင်းမရှိသော် လည်း အိန္ဒိယမီဒီယာများကမူ မင်းသားဖြစ်သူသည် ဦးနှောက်ကင်ဆာဝေဒနာ ခံစားနေရသည်ဟု သောကြာနေ့ က ဖော်ပြခဲ့ကြသည်။

အီဖန်းခန်းသည် ဆေးကုသမည့်နေရာနှင့် ကြာမြင့်မည့်အချိန်ကိုလည်း ပြောဆိုခဲ့ခြင်းမရှိကြောင်း သိရသည်။

“ကျနော့်ရဲ့ ခန္ဓာကိုယ်အတွင်းမှာ အသားပိုအကျိတ်တွေ့ရှိထားတယ်လို့ သိလိုက်ရတဲ့အခိုက်အတန့်ဟာ တကယ့်ကိုခက်ခဲတဲ့ ကာလတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော့်ဘေးနားမှာရှိကြသူတွေရဲ့   မေတ္တာနဲ့ အားပေးမှုတွေကြောင့် ကျနော့်ရဲ့မျှော်လင့်ချက်တွေ ပြန်လည်ရှင်သန်လာခဲ့ပါတယ်” ဟု သူက တွစ်တာ၌ ရေးသားခဲ့သည်။

ယခုလအစောပိုင်းတွင် အီဖန်းခန်းက သူသည်ရှားပါးသော ရောဂါဝေဒနာတစ်မျိုးကို ခံစားနေရသည်ဟု ပရိသတ်များအား ဖွင့်ဟခဲ့ဖူးသည်။

“ကျနော့်ဆီကစကားကို စောင့်မျှော်နေသူတွေအတွက် ကျနော့်ရဲ့ဖြစ်စဉ်တွေအားလုံးကို ပြောပြဖို့ ကျနော်ပြန် လာနိုင်ဦးမယ်လို့ မျှော်လင့်ပါတယ်” ဟု အီဖန်းခန်းက သူ၏လူမှုမီဒီယာ၌ သောကြာနေ့က ရေးသားခဲ့သည်။

Ref: Reuters

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly