ဒေါ်အောင်ဆန်းစုကြည်အား သြစတြေးလျပါလီမန်တွင် ကြိုဆို

ဒေါ်အောင်ဆန်းစုကြည်အား သြစတြေးလျပါလီမန်တွင် ကြိုဆို
ဓာတ်ပုံ - အေအပ်ပီ

 

မတ် ၁၉ ။             ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၁၉ ရက်က သြစတြေးလျ ပါလီမန်လွှတ်တော်သို့ ရောက်ရှိခဲ့ရာ သြစတြေးလျ ဝန်ကြီးချုပ် မယ်လ်ကွန် တန်းဘူးလ်က ကြိုဆိုခဲ့သည်။ ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူခဲ့သည်။

 နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သြစတြေးလျ -အာဆီယံထိပ်သီးအစည်းအဝေး တက်ရန်အတွက် ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဆစ်ဒနီသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို မတ်လ ၁၉ ရက်က မြို့တော် ကင်ဘာရာတွင် တရားဝင် ကြိုဆိုခဲ့သည်။

ယခု ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်က ဘင်္ဂါလီပြဿနာနှင့်ပတ်သက်ပြီး ဆစ်ဒနီမြို့၌ လမ်းပေါ်ဆန္ဒပြမှုများ ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly