FA ဖလားဆီမီးဖိုင်နယ်အဆင့်မှာ မန်ယူ-စပါး၊ ချဲလ်ဆီး-ဆောက်သမ်တန်တို့ ယှဉ်ပြိုင်ရမည်

FA ဖလားဆီမီးဖိုင်နယ်အဆင့်မှာ မန်ယူ-စပါး၊ ချဲလ်ဆီး-ဆောက်သမ်တန်တို့ ယှဉ်ပြိုင်ရမည်
(ဓာတ်ပုံ - အီးပီအေ)

အက်ဖ်အေဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်တွေမှာ မန်ချက်စတာယူနိုက်တက်က စပါးအသင်းနဲ့ ကစားရမှာဖြစ်ပြီး ချယ်လ်ဆီးက ဆောက်သမ်တန်ကို ရင်ဆိုင်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

စပါးက စနေနေ့မှာ ဆွမ်ဆီးကို အနိုင်ရပြီး နှစ်ရာသီဆက် ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့ပြီး အက်ဖ်အေဖလား ၁၂ ကြိမ်ရ ယူနိုက်တက်က ဘရိုက်တန်ကို အနိုင်ရရှိပြီး ဒီအဆင့်ကို တက်လာတာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းကတော့ တနင်္ဂနွေနေ့က လက်စတာကွင်းမှာ အချိန်ပိုမှာမှ ခက်ခဲခဲ ကျော်ဖြတ် အနိုင်ရရှိပြီး ဆီမီးဖိုင်နယ် တစ်နေရာကို ရယူနိုင်ခဲ့တာပါ။

ဆောက်သမ်တန်အသင်းက အက်ဖ်အေဖလား ၁၆ သင်းအဆင့်မှာ မန်စီးတီးအသင်းကို အနိုင်ရရှိခဲ့တဲ့ ဝီဂန်ကို ပွဲပြီးခါနီး သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပြီး မဲခွဲရလဒ်အရ လက်ရှိပရီးမီးယားလိဂ်ချိန်ပီယံ ချဲလ်ဆီးအသင်းနဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။

အဆိုပါဆီမီးဖိုင်နယ်ပွဲစဉ်များကို လာမယ့်ဧပြီလ ၂၁ ရက်မှာ ချယ်လ်ဆီးနဲ့ ဆောက်သမ်တန်ပွဲစဉ်၊ ဧပြီ ၂၂ ရက်နေ့မှာ မန်ချက်စတာယူနိုက်တက်နဲ့ စပါးတို့ပွဲစဉ်ကို အသီးသီး ယှဉ်ပြိုင်ကစားစေမှာဖြစ်ပါတယ်။ 

ဒီပွဲစဉ်နှစ်ပွဲလုံးကို ဝင်ဘာလေကွင်းမှာ ကစားစေမှာဖြစ်တယ်လို့ အက်ဖ်အေက အတည်ပြုသတင်းထုပြန်ခဲ့ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags