ကစားသမားဘဝတစ်လျှောက် ဟက်ထရစ် အကြိမ် (၅၀) မြောက် ရယူခဲ့တဲ့ စီရော်နယ်လ်ဒို

ကစားသမားဘဝတစ်လျှောက် ဟက်ထရစ် အကြိမ် (၅၀) မြောက် ရယူခဲ့တဲ့ စီရော်နယ်လ်ဒို
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်မက်ဒရစ် ကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ တနင်္ဂနွေနေ့က ဂျီရိုနာကို ၆-၃ ဂိုးနဲ့ အနိုင်ရတဲ့ လာလီဂါပွဲစဉ်မှာ တစ်ဦးတည်း ၄ ဂိုးသွင်းယူခဲ့ပြီးနောက် ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် သူ့ရဲ့ ၅၀ ကြိမ်မြောက် ဟက်ထရစ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အသက် ၃၃ နှစ်အရွယ် ကစားသမားဟာ အဖွင့်ဂိုးကို ပွဲချိန် ၁၁ မိနစ်မှာ တိုနီခရူစ်ရဲ့ ဖြတ်တင်ဘောကို ၁၂ ကိုက်ကနေ ကောင်းမွန်တဲ့ ဂိုးအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။

ဒါပေမယ့် ခရစ္စတန် စတန်နီက ဧည့်သည်အသင်းအတွက် ချေပဂိုး သွင်းယူခဲ့တာကြောင့် ပထမအပြီးမှာ သရေကျခဲ့ပါတယ်။

ပွဲချိန် ၄၇ မိနစ်မှာ ဘန်ဇီမာရဲ့ ထိုးပေးလိုက်တဲ့ ဘောလုံးက စီရော်နယ်လ်ဒိုက ဂိုးသမားကို ကျော်ပြီး ကန်သွင်းခဲ့ပါတယ်။ အဲဒီနောက်မှာ ရီးယဲလ်အတွက် ဗာကွက်ဇ်က ၅၉ မိနစ်၊ နောက် ၅ မိနစ်အကြာမှာ ရော်နယ်လ်ဒိုက သူ့ရဲ့ မှတ်တိုက်တစ်ခုကို စိုက်ထူနိုင်မယ့် ဂိုးကို သွင်းယူခဲ့ပြီး ရီးယဲလ်အသင်းက ၄-၁ ဂိုးနဲ့ ဦးဆောင်ခဲ့ပါတယ်။

ဒါပေမယ့် ဂျီရိုနာအသင်းက ပွဲချိန်နောက်ပိုင်းမှာ နောက်ထပ် ၂ ဂိုးသွင်းယူခဲ့သလို ရီးယဲလ်အသင်းကလည်း လူစားဝင်လာတဲ့ ဘေးလ်က ၁ ဂိုးနဲ့ ပွဲချိန်ကုန်ခါနီးမှာ စီရော်နယ်လ်ဒိုကပဲ ဒီပွဲမှာ သူ့ရဲ့ ၄ ဂိုးမြောက်ကို သွင်းယူသွားခဲ့ပါတယ်။

ဒီပွဲမှာ ဟက်ထရစ်သွင်းယူခဲ့တဲ့ စီရော်နယ်လ်ဒိုဟာ သူ့ရဲ့ ကစားသမားဘဝတစ်လျှောက် ပြိုင်ပွဲစုံမှာ ရီးယဲလ်အသင်းအတွက် ဟက်ထရစ် ၄၄ ကြိမ်၊ ပေါ်တူဂီအသင်းအတွက် ၅ ကြိမ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ၁ ကြိမ် ရယူခဲ့တာဖြစ်ပါတယ်။

ဒီပွဲရဲ့ ဟက်ထရစ်က ရော်နယ်လ်ဒိုရဲ့ လာလီဂါမှာ ၃၄ ကြိမ်မြောက် ဟက်ထရစ်ဖြစ်ပြီး သူဟာ ချန်ပီယံလိဂ်မှာလည်း ဟက်ထရစ် ၇ ကြိမ် သွင်းယူခဲ့သလို ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ၄ ကြိမ်၊ ဘုရင့်ဖလားမှာ ၂ ကြိမ်၊ ပရီးမီးယားလိဂ်၊ ကလပ်ကမ္ဘာ့ဖလားနဲ့ ယူရိုခြေစစ်ပွဲတွေမှာ ၁ ကြိမ်အသီးသီး ရယူခဲ့ပါတယ်။

Ballon d’Or အကောင်းဆုံးဆု ၅ ကြိမ်ရ ကစားသမားဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ ၃၄ ဂိုးသွင်းယူထားပြီး လာလီဂါမှာတော့ ၂၂ ဂိုးထိ ရရှိထားပြီး ဂိုးအများဆုံးသွင်းသူစာရင်းမှာ မက်ဆီ ၂၅ ဂိုးရဲ့ နောက် ဒုတိယနေရာအထိ တက်လှမ်းလာခဲ့ပြီဖြစ်ပါတယ်။

ရီးယဲလ်အသင်းဟာ လာလီဂါအမှတ်ပေးဇယားမှာ ပြိုင်ဘက် ဘာစီလိုနာနဲ့ ၁၅ မှတ်အကွာ အဆင့် ၃ နေရာမှာ ရည်တည်နေပါတယ်။ သူတို့ဟာ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ လာပါးမတ်စ်အသင်းနဲ့ လိဂ်ပွဲစဉ်ကစားရမှာဖြစ်ပြီး အဲနောက် ၃ ရက်အကြာမှာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့အဖြစ် ဂျူဗီတပ်စ်ရဲ့ အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ 

Ref; Goal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly