ဆစ်ဒနီရောက် ကမ္ဘောဒီးယားများက အာဆီယံထိပ်သီးအစည်းအဝေးကို ဆန့်ကျင်ဆန္ဒပြ

ဆစ်ဒနီရောက် ကမ္ဘောဒီးယားများက အာဆီယံထိပ်သီးအစည်းအဝေးကို ဆန့်ကျင်ဆန္ဒပြ

 

ဆစ်ဒနီ၊ မတ် ၁၆ ။             ။ သြစတြေးလျသို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် လာရောက်ခြင်းကို ဆန့်ကျင်ပြီး ဆစ်ဒနီတွင် စုရုံးဆန္ဒပြကြသည်။

ယခု စနေ၊ တနင်္ဂနွေတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ကြမည့် အရှေ့တောင်အာရှ ခေါင်းဆောင်များတွင် ဟွန်ဆန်လည်း အပါအဝင် ဖြစ်သည်။

ယခု ဆန္ဒပြသူအများစုသည် ကမ္ဘောဒီးယားမှ ပြည်ပြေးများဖြစ်ပြီး ဟွန်ဆန်အား အတိုက်အခံခေါင်းဆောင် ကမ်ဆော့ခါကို ဖမ်းဆီးထားရာမှ ပြန်လွှတ်ပေးရေးနှင့် လူ့အခွင့်အရေး အလွဲသုံးစားမှုများကို ကိုင်တွယ်ဖြေရှင်းရေးတို့ကို တောင်းဆိုကြသည်။

ကမ္ဘောဒီးယား၏ ကာလရှည်ခေါင်းဆောင်ဖြစ်ပြီး မနှစ်က အဓိကအတိုက်အခံပါတီအား ပယ်ဖျက်လိုက်သူ ဟွန်ဆန်က ဆစ်ဒနီတွင် ၎င်းအား ဆန့်ကျင်ဆန္ဒပြသည့် မည်သူမဆိုအား မတွေ့တွေ့အောင် ရှာပြီး ရိုက်နှက်မည်ဟု ခြိမ်းခြောက်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags