ယာဉ်တိမ်းမှောက်ခဲ့သော မန္တလေးဇာတ်အဖွဲ့သို့ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ကလပ်အသင်း ပိုုင်ရှင်များက သိန်း ၁၅၀ လှူဒါန်း

ယာဉ်တိမ်းမှောက်ခဲ့သော မန္တလေးဇာတ်အဖွဲ့သို့ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ကလပ်အသင်း ပိုုင်ရှင်များက သိန်း ၁၅၀ လှူဒါန်း
ဓာတ်ပုံ-MFF

မတ်လ ၁၆ ။              ။ ပြီးခဲ့သည့် မတ်လ ၉ ရက်က ဖြစ်ပွားခဲ့သည့် ယာဉ်တိမ်းမှောက်မှုတွင် လူ ၆ ဦးအထိ သေဆုံးခဲ့သော မင်းမင်းဦး မန္တလေးဇာတ်အဖွဲ့အား ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ကလပ်အသင်း ပိုင်ရှင်များက အလှူငွေ ကျပ်သိန်း ၁၅၀ ပေးအပ်ခဲ့ကြောင်း သိရသည်။

ယနေ့ မတ်လ ၁၆ ရက်၊ နံနက်ပိုင်းက မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံတွင် ကျင်းပပြုလုပ်ခဲ့သည့် သဘင်ညီလာခံတွင် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အလှူငွေများကို လူသားချင်း စာနာထောက်ထားသည့် အားဖြင့် မြန်မာ့ဘောလုံး အသိုင်းအဝိုင်းမှ လှူဒါန်းခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော်မှ ငွေကျပ် သိန်း ၃၀၊ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်း ပိုင်ရှင်များက တစ်ဦးလ ျှင် ၁ဝ သိန်းစီ ထည့်ဝင်ခဲ့ကြခြင်း ဖြစ်သည်။

ဖြစ်စဉ်မှာ မတ်လ ၉ ရက်၊ညနေ ၄ နာရီ၊၃၀မိနစ်က ရှမ်းပြည်နယ်၊ရပ်စောက်မြို့နယ်၊နောင်ချို-ရပ်စောက်လမ်းပိုင်းတွင် မန္တလေးမြို့မှ မင်းမင်းဦး(အလှသစ်ဇာတ်)ကားတိမ်းမှောက်ခဲ့ရာ ၆ ဦးသေဆုံးခဲ့ပြီး ၁၀ ဘီး ယာဉ်ပေါ်တွင် ဇာတ်အဖွဲ့သား ၄၀ ဦးကျော်ပါဝင်ကာ ၁၆ ဦး ဒဏ်ရာရရှိခဲ့သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်း ပိုင်ရှင်များ ကိုယ်စား ရခိုင်ယူနိုက်တက် အသင်းပိုင်ရှင် ဦးဇော်မင်းသိန်း၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ ရန်ကုန်ယူနိုက်တက် အသင်း အမှုဆောင် အရာရှိချုပ် ဦးမင်းဆွေဦး၊ ရှမ်းယူနိုက်တက် အသင်း ဒါရိုက်တာ ဦးရဲမျိုးထွန်း တို့က သွားရောက် ပေးအပ်လှူဒါန်းခဲ့ကြခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်ထားသည်။

အဆိုပါ လှူဒါန်းငွေကျပ် သိန်း ၁၅၀ ကို မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဝင် စစ်ကိုင်းယူနိုက်တက် အသင်းပိုင်ရှင်နှင့် မြန်မာနိုင်ငံ သဘင်အစည်းအရုံး ဥက္ကဋ္ဌ ဖြစ်သူ ဦးချစ်မျိုးထိုက် (မင်းသား ဖိုးချစ်)က လက်ခံရယူခဲ့ပြီး ရခိုင်ယူနိုက်တက် အသင်းပိုင်ရှင် ဦးဇော်မင်းသိန်း ဦးဆောင်သည့် အဖွဲ့သည် မင်းမင်းဦး ဇာတ်အဖွဲ့ပိုင်ရှင်ဖြစ်သူ ဦးမင်းမင်းဦးကိုလည်း တွေ့ဆုံကာ အားပေးစကား ပြောခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly