ဖိလစ်ပိုင်ကလပ်နဲ့သုံးကြိမ်တွေ့တာမှာ သုံးကြိမ်စလုံးရှုံးခဲ့တဲ့ ရှမ်းယူနိုက်တက်

ဖိလစ်ပိုင်ကလပ်နဲ့သုံးကြိမ်တွေ့တာမှာ သုံးကြိမ်စလုံးရှုံးခဲ့တဲ့ ရှမ်းယူနိုက်တက်
 

 

မြန်မာနေရှင်နယ်လိဂ်လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းဟာ ဖိလစ်ပိုင်ကလပ် ဆီရက်စ်နီဂရိုးစ်အသင်းနဲ့ သုံးကြိမ်တွေ့ဆုံ ခဲ့ရာမှာ သုံးကြိမ်စလုံး အရေးနိမ့်ခဲ့ရပါတယ်။

နှစ်ဆန်းပိုင်းတုန်းက အာရှချန်ပီယံလိဂ်ခြေစစ်ပွဲမှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးခဲ့ပြီး AFC Cup အုပ်စုအဆင့်မှာ ပြန်လည်ဆုံတွေ့တော့လည်း အဝေးကွင်းမှာ ၂-၀ ဂိုး၊ အိမ်ကွင်းမှာ ၁-၀ ဂိုးနဲ့ ရှုံးခဲ့ရတာဖြစ်ပါတယ်။

ဒါပေမဲ့ ဆီရက်စ်နီဂရိုးစ်အသင်းဟာ အသင်းကောင်းတစ်သင်းတော့ဖြစ်ပြီး သြစတြေးလျကလပ် ဘရစ္စဘိန်းရိုအာ အသင်းကို တောင် အဝေးကွင်းမှာ ၃-၂ ဂိုးနဲ့ အနိုင်ယူခဲ့တဲ့အသင်းဖြစ်သလို AFC Cup မှာလည်း အုပ်စုကိုဦးဆောင်နေတဲ့အသင်း ဖြစ်ပါတယ်။

ရှမ်းယူနိုက်တက်ပါဝင်တဲ့ အုပ်စုမှာ ဆီရက်စ်အသင်းက ၁၀ မှတ်၊ ဟုမ်းယူနိုက်တက်က ၇ မှတ်၊ ရှမ်းနဲ့ ဘွန်ကတ်တို့က ၃ မှတ်စီနဲ့ အစဉ်လိုက်ရပ်တည်နေပါတယ်။

အုပ်စု ပထမအသင်းတွေနဲ့အတူ အာဆီယံဇုန်ကအကောင်းဆုံး အုပ်စုဒုတိယတစ်သင်းသာ နောက်တစ်ဆင့်ကို တက်ရောက်ခွင့် ရမှာဖြစ်ပါတယ်။

ရှမ်းအသင်းအနေနဲ့ နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ချေရှိသေးလားဆိုတာကို မနေ့က ကစားခဲ့တဲ့ ဆီရက်စ်နဲ့ပွဲ ဟိုက်လိုက်ကို ပြန်ကြည့်ရင်း သုံးသပ်ကြည့်ရအောင်ပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly