ကစားသမားဘဝတစ်လျှောက် ချန်ပီယံလိဂ်ဂိုး (၁၀၀) ပြည့်မြောက်လာခဲ့တဲ့ မက်ဆီ

ကစားသမားဘဝတစ်လျှောက် ချန်ပီယံလိဂ်ဂိုး (၁၀၀) ပြည့်မြောက်လာခဲ့တဲ့ မက်ဆီ
(ဓာတ်ပုံ - အီးပီအေ)

မက်ဆီဟာ သူကစားတဲ့ ပွဲစဉ်တွေတိုင်းလိုလို မှတ်တိုင် တစ်ခုဆီ ရောက်ရှိဖို့ ဒါမှမဟုတ် စံချိန်တစ်ခုတင်ဖို့ ရှိနေပုံရပါတယ်။ သူဟာ ဗုဒ္ဓဟူးနေ့က ချယ်လ်ဆီးနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက်အဆင့် ဒုတိယအကျော့မှာ စံချိန်နှစ်ခု ရရှိခဲ့ပါတယ်။

ပထမတစ်ခုက ထောင့်ကျဉ်းအနေအထားကနေ ပွဲချိန် ၂ မိနစ်နဲ့ ၈ စက္ကန့်မှာ သူသွင်းယူခဲ့တဲ့ ဂိုးဟာ ချန်ပီယံလိဂ်မှာ သူ့ရဲ့ အမြန်ဆုံး ဂိုးအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။ အဲဒီနောက်မှာ ပထမဂိုးသွင်းသွားတဲ့အတိုင်း ချယ်လ်ဆီးဂိုးသမား ကော်တိုရစ်ရဲ့ ခြေထောက်နှစ်ချောင်းကြားထဲ ဒုတိယဂိုးကို သွင်းယူပြီး သူဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကစားသမားဘဝတစ်လျှောက် ဂိုးပေါင်း ၁၀၀ အထိ ရရှိခဲ့ပါတယ်။

မက်ဆီဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရီးယဲလ်အသင်းမှ ပြိုင်ဘက် ခရစ္စတီယာနို ရော်နယ်လ်ဒိုပြီးရင် ဂိုးရာပြည့်သွင်းယူနိုင်တဲ့ ဒုတိယမြောက်ကစားသမားဖြစ်လာပါတယ်။

ရော်နယ်လ်ဒိုက ၁၄၈ ပွဲမှာ ၁၁၇ ဂိုးနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက် ဂိုးသွင်းအများဆုံးအဖြစ် ထိပ်ဆုံးက ရပ်တည်နေပါတယ်။ မက်ဆီက ၁၂၃ ပွဲမှာ ဂိုး ၁၀၀ အထိ ရရှိလာပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက် ဂိုးသွင်းအများဆုံး စာရင်းမှာ ရီးယဲလ်တိုက်စစ်မှူးဟောင်း ရာအူးလ်က ၇၁ ဂိုးဖြစ်ပါတယ်။ ချန်ပီယံလိဂ်မှာ လက်ရှိဆက်လက်ကစားနေတဲ့ ဂိုးသွင်းအများဆုံး ကစားသမားထဲမှာ ဘန်ဇီမာက ၅၃ ဂိုးနဲ့ မက်ဆီ၊ ရော်နယ်လ်ဒိုတို့နဲ့ အနီးကပ်ဆုံး ကစားသမားဖြစ်ပါတယ်။

မက်ဆီရဲ့ ကိန်းဂဏာန်းများ
ဘာစီလိုနာအတွက် ၆၂၅ ပွဲမှာ ၅၄၁ ဂိုး
ချန်ပီယံလိဂ် ၁၂၃ ပွဲ၊ ၁၀၀ ဂိုး
ကလပ်နဲ့ နိုင်ငံအသင်းအတွက် ၆၀၂ ဂိုး
ကလပ်နဲ့ နိုင်ငံအသင်းအတွက် ဂိုးဖန်တီးမှု ၂၄၇ ကြိမ်
ကစားသမားတစ်လျှောက် ဟက်ထရစ် ၄၄ ကြိမ်
တစ်ရာသီအတွင်း ဂိုး ၅၀ နဲ့အထက် သွင်းယူနိုင်ခဲ့တဲ့ အကြိမ် ၅ ကြိမ်

Champions League top goalscorers
Players Games Goals
Cristiano Ronaldo 148 117
Lionel Messi 123 100
Raul 142 71
Ruud van Nistlerooy 73 56
Karim Benzema 100 53
Thierry Henry 112 50
Zlatan Ibrahimovic 120 48
Andriy Shevchenko 100 48
Filippo Inzaghi 81 46
Robert Lewandowski 68 45

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags