လေးကြိမ်မြောက် ဝန်ကြီးချုပ်သက်တမ်းအတွက် ဆက်လက်အရွေးခံရသည့် အိန်ဂျလာမာကဲလ်က ကျမ်းသစ္စာဆို

လေးကြိမ်မြောက် ဝန်ကြီးချုပ်သက်တမ်းအတွက် ဆက်လက်အရွေးခံရသည့် အိန်ဂျလာမာကဲလ်က ကျမ်းသစ္စာဆို

ဘာလင်၊ မတ် ၁၄ ။           ။ ဥရောပ၏ အကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်သော ဂျာမနီ၏ နိုင်ငံရေး သောင်မတင်ရေမကျအခြေအနေအား အဆုံးသတ်လိုက်အဖြစ် ဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်သည် လေးကြိမ်မြောက်ရာထူသက်တမ်းအတွက် ဆက်လက်ရွေးကောက်ခံရကာ မတ် ၁၄ ရက်တွင် ကျမ်းသစ္စာဆိုသည်။
ရာထူးတာဝန် ဆက်လက်ထမ်းဆောင်ရန် ငြင်းဆန်ခြင်းမရှိသော မာကဲလ်ကို လွှတ်တော်အမတ်များက ထောက်ခံမဲ ၃၆၄ မဲ၊ ကန့်ကွက်မဲ ၃၁၅ မဲနှင့် ကြားနေ ကိုးမဲဖြင့် ထပ်မံရွေးကောက်ခဲ့ကြခြင်း ဖြစ်သည်။
မာကဲလ်၏ ကွန်ဆာဗေးတစ် Christian Democratic Union CDU ပါတီနှင့် ညီအစ်မပါတီဖြစ်သော Christian Social CSU ပါတီတို့က ဗဟိုလက်ဝဲပါတီ Social Democrats SPD ပါတီနှင့် ညွန့်ပေါင်းဖွဲ့နိုင်ကာ အမတ်နေရာ ၃၉၉ မဲအထိ ရရှိခဲ့သည်။
စစ်ပွဲနှောင်းပိုင်း ဂျာမနီတွင် ရှည်ကြာသည့် ညွန့်ပေါင်းဖွဲ့စည်းမှုအပြီး ဆောင်ရွက်စရာများကို မြန်ဆန်သွက်လက်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မာကဲလ်က အခိုင်အမာ ပြောကြားသည်။
CDU နှင့် CSU ပါတီတို့သည် နှစ်ပေါင်း ၇၀ နီးပါးအတွင်း အဆိုးဆုံးသော မဲရလဒ် ရရှိနေခဲ့ခြင်းဖြစ်သည်။ သို့သော ယခုလ အစောပိုင်းတွင် SPD ပါတီနှင့် ညွန့်ပေါင်းဖွဲ့နိုင်ခဲ့ခြင်း ဖြစ်သည်။
မတ် ၁၄ ရက်က ဝန်ကြီးချုပ် ရွေးကောက်မှုအား ပါလီမန်တွင် မဲပေးခြင်းမှာလည်း စက်တင်ဘာ ရွေးကောက်ပွဲပြီးနောက် ရက်ပေါင်း ၁၇၁ ရက်တွင် မဲပေးနိုင်ခြင်းဖြစ်ရာ နိုင်ငံရေး ရှေ့မတိုးနောက်မဆုတ်နိုင် အခြေအနေအားဖြင့် ယခင် ရွေးကောက်ပွဲအပြီး ပါလီမန်တွင် မဲပေးသည့် ကြာချိန်ကာလစံချိန်တင်၏ နှစ်ဆနီးပါး ကြာမြင့်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly