အမေရိကန်၏ ပံ့ပိုးမှုဖြင့် ဖိလစ်ပိုင်စစ်တပ်က ထောက်လှမ်းရေးဒရုန်းယာဉ် ခြောက်စင်း လက်ခံရရှိ

အမေရိကန်၏ ပံ့ပိုးမှုဖြင့် ဖိလစ်ပိုင်စစ်တပ်က ထောက်လှမ်းရေးဒရုန်းယာဉ် ခြောက်စင်း လက်ခံရရှိ

မနီလာ၊ မတ် ၁၃ ။       . ဖိလစ်ပိုင်စစ်တပ်သည် အမေရိကန်ထံမှ အမေရိကန်ဒေါ်လာ ၁၃ ဒဿမ ၇၆ သန်း တန်ဖိုးရှိ မောင်းသူမဲ့ထောက်လှမ်းရေးဒရုန်းယာဉ်များက လက်ခံရရှိသည်။

အမေရိကန် နိုင်ငံခြားစစ်ရေးရန်ပုံငွေ ထောက်ပံ့ကြေးအားဖြင့် ScanEagle မောင်းသူမဲ့ဒရုန်းယာဉ် ခြောက်စင်းအား လက်ခံရခြင်းဖြစ်ပြီး မတ် ၁၃ ရက်တွင် မနီလာရှိ Villamore လေတပ်စခန်းတွင် အဆိုပါ ဒရုန်းယာဉ်များ လွဲပြောင်းရယူမှုအခမ်းအနားကို ဖွင့်လှစ်ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဂုဏ်ထူးဆောင်ဧည့်သည်တော်များအဖြစ် ဖိလစ်ပိုင်ဆိုင်ရာ အမေရိကန်သံအမတ်ကြီး Sung Kim နှင့် ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် Delfin Lorenzana တို့က တက်ရောက်ကြသည်။

ယခု ထောက်လှမ်းရေးဒရုန်းများသည် ဖိလစ်ပိုင်၏ ကြည်းတပ်၊ လေတပ်နှင့် ရေတပ်တို့၏ စစ်ဆင်ရေးများကို အားဖြည့်မြှင့်တင်ပေးမည်ဖြစ်သည်။

“ပင်လယ်စစ်ဆင်ရေး၊ တန်ပြန်အကြမ်းဖက်နှိမ်နင်းမှု၊ လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းနှင့် သဘာဝဘေး ကယ်ဆယ်ရေး ဆောင်ရွက်မှုများ”တွင် ယခုဒရုန်းများက ဖိလစ်ပိုင်အတွက် အထောက်အပံ့ဖြစ်မည်ဟု Kim က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly