မတ် ၁၃ ။ ။ အီသီယိုးပီးယားနိုင်ငံမြောက်ပိုင်းမှာ မတ်လ ၁၃ ရက်က ဘတ်စ်ကားတစ်စီး လမ်းချော်တိမ်းမှောက်သွားခဲ့တဲ့ ဖြစ်စဉ်တစ်ခုဖြစ်ခဲ့လို့ လူပေါင်း ၃၈ ဦး သေဆုံးသွားခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာမှာ ဖော်ပြပါတယ်။
" ဒီကားမှောက်မှုဖြစ်စဉ်မှာ စုစုပေါင်း သေဆုံးသူ ၃၈ ဦး ရှိပါတယ်၊ အမျိုးသား ၂၈ ဦး၊ အမျိုးသမီး ဆယ်ဦးပါ" ဆိုပြီး နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ကြေညာပါတယ်။
ယင်းဘတ်စ်ကားတိမ်းမှောက်မှုဖြစ်စဉ်ဟာ အမ်ဟာရာပြည်နယ် လီဂမ်ဘိုဒေသမှာ ဖြစ်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် အဆိုပါ မတော်တဆမှုမှာ အသက်ရှင်ကျန်ရစ်သူ ဆယ်ဦး ရှိခဲ့ကြောင်း၊ ဒဏ်ရာတွေအသီးသီးရသွားကြောင်းလည်း သိရပါတယ်။
ယခုဖြစ်စဉ်မှာ သေဆုံးသွားသူအများစုကတော့ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေ ဖြစ်ကြောင်းလည်း သိရပါတယ်။
အာဖရိကရဲ့ အမြန်ဆန်ဆုံး စီးပွားရေးနိုင်ငံ အီသီယိုးပီးယားကတော့ ပြီးခဲ့တဲ့နှစ်တွေအတွင်း ယင်းရဲ့ လမ်းကွန်ရက်ကို အဆင့်မြှင့်တင် တိုးချဲ့ထားခဲ့ပေမယ့် ပြည်သူအများစုကတော့ ခရီးဝေးသွားလာမှုအတွက် ဘတ်စ်ကားတွေကိုသာ အဓိကအားပြုသွားလာနေကြရလျက်ရှိပါတယ်