ဆီဗီလာကိုအနိုင်ရရင် ဘာမဆိုမျှော်လင့်နိုင်ပြီလို့ပြောဆိုလိုက်တဲ့ မော်ရင်ဟို

ဆီဗီလာကိုအနိုင်ရရင် ဘာမဆိုမျှော်လင့်နိုင်ပြီလို့ပြောဆိုလိုက်တဲ့ မော်ရင်ဟို
 

 

ဒီနေ့ညမှာကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ ဆီဗီလာကိုအနိုင်ရပြီးကွာတားဖိုင်နယ်အဆင့်ကိုသာတက်ရောက်နိုင်ခဲ့မယ်ဆိုရင် မန်ချက်စတာယူနိုက်တက်အသင်းအတွက် ဘာမဆိုမျှော်လင့်နိုင်ပြီလို့ နည်းပြမော်ရင်ဟိုက ပြောဆိုလိုက်ပါတယ်။

သူ့ရဲ့ဒုတိယရာသီမှာ တိုးတက်ဖို့လိုနေသေးတာကိုသိထားတဲ့ မော်ရင်ဟိုက ဒီနှစ်ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ရေပန်းစားတဲ့အသင်းတွေထဲ မန်ယူနိုက်တက်မပါဘူးလို့ ပြောဆိုထားခဲ့သူပါ။

ချန်ပီယံလိဂ်မှာအားကောင်းနေတဲ့အသင်းတွေကတော့ ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးအသင်းတွေ ဖြစ်ပါတယ်။

မော်ရင်ဟိုက “ကျွန်တော်တို့က ပြိုင်ပွဲမှာအကောင်းဆုံးအသင်းတစ်သင်းမဟုတ်တာသိပါတယ်။ ဒါပေမဲ့ အသင်းတစ်သင်းဟာ ကွာတားအဆင့်ကိုရောက်လာပြီဆိုရင်တော့ ဘာမဆိုဖြစ်လာနိုင်ပါတယ်။

၁၆ သင်းအဆင့်ဆိုရင်ဝေးနေသေးပေမယ့် ကွာတားအဆင့်ရောက်ပြီဆိုရင်တော့ ဆီမီးဖိုင်နယ်ရဲ့ရနံ့ကိုစတင်ခံစားရပြီဖြစ်ပါ တယ်။ အကောင်းဆုံးအသင်းတွေထဲကတစ်သင်းအဖြစ်ခံစားလာရသလို ဘာမဆိုလည်းဖြစ်လာနိုင်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly