ဘင်္ဂါလီ ၁၀ ဦးနှင့် ယာဉ်မောင်းတစ်ဦးအား မှော်ဘီမြို့နယ်၌ ဖမ်းဆီးမိ

ဘင်္ဂါလီ ၁၀ ဦးနှင့် ယာဉ်မောင်းတစ်ဦးအား မှော်ဘီမြို့နယ်၌ ဖမ်းဆီးမိ
ဘင်္ဂလီ ၁၀ ဦးအား တင်ဆောင်လာသည့်ကား။ ဓာတ်ပုံ -  Yangon Police

ရန်ကုန်မြို့သို့ ခိုးဝင်လာသည့် ဘင်္ဂါလီ ၁၀ ဦးအား မှော်ဘီမြို့နယ်၊ အမှတ် (၄) လမ်းဆုံ စစ်ဆေးရေးဂိတ်၌ ပူးပေါင်းအဖွဲ့ဖြင့် ဖမ်းဆီးရမိခဲ့သည်။

ရန်ကုန်-ပြည်လမ်းအတိုင်း တိုက်ကြီးဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော ပရိုဘောက်အငှားယာဉ်အား သြဂုတ် ၂၂ ရက်နေ့က ရပ်တန့်စစ်ဆေးရာမှ ဖမ်းမိခြင်းဖြစ်ပြီး ယာဉ်မောင်း သန့်ဇင်ထွန်းနှင့် ဘင်္ဂါလီ ၁၀ ဦးအား လဝကမှ အရေးယူသွားမည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဖမ်းမိထားသည့် ဘင်္ဂါလီ ကျား ၅ ဦးနှင့် မ ၅ ဦးတို့သည် ရခိုင်ပြည်နယ်၊ သက္ကယ်ပြင်နှင့် သဲချောင်းကျေးရွာတို့မှဖြစ်ပြီး ရန်ကုန်မြို့သို့ ဝင်ရောက်ရန် ပွဲစားဖြစ်သူ အာလီထံ တစ်ဦးလျှင် ငွေကျပ် ၁၀/၁၂ သိန်းပေးရသည်ဟု ရဲသတင်းက ဖော်ပြသည်။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည့် သတင်းအရ ရန်ကုန်မြို့သို့ ဝင်ရောက်မည့် ဘင်္ဂါလီ စုစုပေါင်း ၁၈ ဦးအား မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နေ သန့်ဇင်ထွန်း မောင်းလာသည့်ကားအပါအဝင် စုစုပေါင်း ကား ၃ စီးဖြင့် တင်လာခြင်းဖြစ်သည်။

သြဂုတ် ၂၆ တွင် ထုတ်ပြန်သည့် ရဲတပ်ဖွဲ့ သတင်းအရ ယာဉ်မောင်း ဦးဌေးအောင်နှင့်အတူ ဘင်္ဂါလီ ကျား ၃ ဦး၊ မ ၁ ဦး။ ယာဉ်မောင်း ဉာဏ်လင်းအောင်နှင့်အတူ ဘင်္ဂါလီ ကျား ၄ ဦးတို့အား ဖမ်းဆီးရမိရေးအတွက် ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

မဇ္ဈိမက ရန်ကုန်တိုင်းရဲတပ်ဖွဲ့ထံ ဆက်သွယ်စုံစမ်းရာ တာဝန်ရှိသူများ မအားအပ်သေးသဖြင့် သတင်းအသေးစိတ်နှင့် နောက်ဆက်တွဲကို မသိရှိရသေးပါ။

မဇ္ဈိမဒစ်ဂျစ်သတင်းစာ Update VersionAndroid ဖုန်းတွေမှာ Download လုပ်ပြီး install လုပ်ထားရုံနဲ့ သတင်းစာဖတ်နိုင်ပါပြီ။Download link - http://bit.ly/1JF5t8W

Posted by Mizzima - News in Burmese on Wednesday, August 26, 2015

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags