ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ချန်ပီယံဖြစ်မှသာ ရီနီဒီဆေရီကို စာချုပ်သက်တမ်းတိုးရန် ရတနာပုံ စီစဉ်ထား

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ချန်ပီယံဖြစ်မှသာ ရီနီဒီဆေရီကို စာချုပ်သက်တမ်းတိုးရန် ရတနာပုံ စီစဉ်ထား
ရတနာပုံ နညး်ပြချုပ် ရီနီဒီဆေရီ။

ရတနာပုံအသင်းသည် ယခုနှစ် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ချန်ပီယံဖြစ်မှသာ လက်ရှိနည်းပြချုပ် ရီနီဒီဆေရီကို စာချုပ်သက်တမ်းတိုးရန် စီစဉ်ထားသည်ဟု အသင်းပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်းက ပြောသည်။

ဘယ်လ်ဂျီယံ လူမျိုးနည်းပြ ရီနီဒီဆေရီမှာ ထိုင်းပရီးမီးယားလိဂ်ကလပ် မြောင်တောင်ယူနိုက်တက်အသင်း နည်းပြဟောင်းဖြစ်ပြီး ယခုနှစ်ဘောလုံးရာသီဝက်တွင် ရတနာပုံအသင်းကို တရားဝင် တာဝန်ယူကိုင်တွယ်ခဲ့ခြင်း ဖြစ်သည်။

“လက်ရှိနည်းပြရဲ့ စွမ်းဆောင်ရည်ကို ဆုဖလားနဲ့ပဲ  တိုင်းတာပါမယ်။ ဆရာတို့အသင်းက ဒီနှစ်မှာ ရှုံးထွက်ချန်ပီယံဖြစ်ပြီး လာမယ့်နှစ် AFC Cup ပြိုင်ပွဲဝင်ဖို့ မျှော်လင့်ထားပါတယ်။ နည်းပြနဲ့ စာချုပ်သက်တမ်းက ရာသီကုန်အထိပဲဖြစ်ပြီး သက်တမ်းတိုးဖြစ်မယ်ဆိုရင်တော့ နောက်ရာသီ တစ်ရာသီလုံးအတွက် တိုးမှာပါ” ဟု ဒေါက်တာ စိုင်းဆမ်ထွန်းက ပြောသည်။

ရတနာပုံအသင်းကို ၂၀၁၅ ဘောလုံးရာသီအစတွင် နည်းပြချုပ်အဖြစ် ဦးခင်မောင်တင့်က တာဝန်ယူဆောင်ရွက်ခဲ့ပြီး ကျန်းမာရေးကြောင့် အနားယူခဲ့သဖြင့် ဦးကြည်နိုင်က နည်းပြချုပ်တာဝန် ဆက်ယူခဲ့သည်။ ထို့နောက် AFC Cup နှင့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်များတွင် ရလဒ်ဆိုးရွားခဲ့သဖြင့် ရီနီဒီဆေရီကို နည်းပြချုပ်အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ 

မဇ္ဈိမဒစ်ဂျစ်သတင်းစာ Update VersionAndroid ဖုန်းတွေမှာ Download လုပ်ပြီး install လုပ်ထားရုံနဲ့ သတင်းစာဖတ်နိုင်ပါပြီ။Download link - http://bit.ly/1JF5t8W

Posted by Mizzima - News in Burmese on Wednesday, August 26, 2015

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly