အာရှဖလားခြေစစ်ပွဲအတွက် မြန်မာလက်ရွေးစင်အသင်းတွင် လူငယ်သွေးသစ်အချို့ပါဝင်လာ

အာရှဖလားခြေစစ်ပွဲအတွက် မြန်မာလက်ရွေးစင်အသင်းတွင် လူငယ်သွေးသစ်အချို့ပါဝင်လာ
Photo; MFF
 

 

မြန်မာလက်ရွေးစင်အသင်းနည်းပြချုပ်ဂတ်ဇီဆီသည် ကာဂျစ္စတန်နှင့်ကစားမည့်အာရှဖလားခြေစစ်ပွဲအတွက် အပြီးသတ်လူစာရင်းကိုထုတ်ပြန်ခဲ့ရာ လူငယ်သွေးသစ်အချို့ပါဝင်လာခဲသည်။

ကစားသမား ၂၃ ဦးစာရင်းတွင် ရန်ကုန်ယူနိုက်တက်အသင်း၌ခြေစွမ်းပြဂိုးများသွင်းယူနေသည့် လူငယ်တိုက်စစ်မှူး အီစိုး အပါအဝင် ကျော်ဇင်ဦး (ရန်ကုန်)၊ လွင်မိုးအောင် (အားကာ) စသည့်လူငယ်များလည်း ပါဝင်လာကြသည်။

ထို့ပြင် ထိုင်းလိဂ်တွင်အငှားသွားကစားနေသည့် ကျော်ကိုကို (ချင်းရွိုင်) နှင့်အောင်သူ (ပုလိစ်တယ်ရို)လည်း ရွေးချယ်ခံရသည်။ မြန်မာလက်ရွေးစင်အသင်းအနေဖြင့် မတ်လ ၁၄ တွင် အသင်းစတင်စုဖွဲ့ပြီး မတ်လ ၁၅ တွင် အင်ချွန်မြို့သို့ ထွက်ခွာမည်ဖြစ် သည်။ ထိုင်းလိဂ်မှ ကျော်ကိုကိုနှင့် အောင်သူတို့မှာ မတ်လ ၁၉ တွင် အသင်းထံ လာရောက်ပူးပေါင်းကြမည်ဖြစ်သည်။

မတ်လ ၂၂၊ မြန်မာစံတော်ချိန် မွန်းလွဲ (၁၂း၃၀)နာရီ အင်ချွန်စီးတီးကွင်းတွင် ယှဉ်ပြိုင်မည့် အဆိုပါ ပွဲစဉ်အား MRTV နှင့် For Sport ရုပ်သံများမှ ပြသပေးသွားမည်ဖြစ်သည်။

မြန်မာအသင်းသည် ကာဂျစ္စတန်နှင့် အဝေးကွင်းပွဲ ကစားပြီးပါက ရန်ကုန်မြို့တွင် မကာအို အသင်းနှင့် အုပ်စုနောက်ဆုံးပွဲစဉ်ကို ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

မြန်မာနှင့်မကာအို ပွဲစဉ်အား မတ်လ ၂၇ ရက်၊ ညနေ (၆း၀၀) နာရီ၊ သုဝဏ္ဏကွင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး ရိုးရိုးတန်း ၁၀၀၀ ကျပ် (တောင်/မြောက် ပွဲကြည့်စင်)၊ အရှေ့ဘက်တန်း - ၂၀၀၀ ကျပ်၊ အထူးတန်း - ၃၀၀၀ ကျပ် သတ်မှတ်ထားသည်။

မြန်မာအသင်းလူစာရင်း

ဂိုး- သီဟစည်သူ (ရှမ်းယူနိုက်တက်)၊ ကျော်ဇင်ထက်၊ ဆန်းဆက်နိုင် (ရန်ကုန်ယူနိုက်တက်)

နောက်- ကျော်ဇင်လွင်၊ ကျော်စွာလင်း (မကွေး)၊ ဇော်မင်းထွန်း၊ ဒေးဗစ်ထန်း (ရန်ကုန်)၊ ထိုက်ထိုက်အောင်၊ ဝင်းမင်းထွဋ် (ရှမ်းယူနိုက်တက်)

လယ်- သိန်းသန်းဝင်း၊ လှိုင်းဘိုဘို၊ စည်သူအောင် (ရတနာပုံ)၊ ရန်နိုင်ဦး၊ တင်ဝင်းအောင် (ရှမ်းယူနိုက်တက်)၊ ကျော်ဇင်ဦး၊ ရန်အောင်ကျော်၊ ကြည်လင်း၊ မောင်မောင်လွင် (ရန်ကုန်ယူနိုက်တက်)၊ လွင်မိုးအောင် (အားကာ)

ရှေ့- ကျော်ကိုကို (ရန်ကုန်ယူနိုက်တက်/ချင်းရွိုင်)၊ အောင်သူ (ရတနာပုံ/ ပုလစ်တယ်ရို)၊ ဇင်မင်းထွန်း (ရှမ်းယူနိုက်တက်)၊ အီစိုး (ရန်ကုန်ယူနိုက်တက်)

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly