ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်ထူးဆောင်ဆု ပြန်ရုတ်သိမ်းရန် အမေရိကန်အမတ်များ စဉ်းစားနေ

ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်ထူးဆောင်ဆု ပြန်ရုတ်သိမ်းရန် အမေရိကန်အမတ်များ စဉ်းစားနေ

 

မတ် ၁၂ ။               ။  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်ထားသည့် ဂုဏ်ထူးဆောင်ဆုတံဆိပ် Congressional Gold Medal ကို ပြန်ရုတ်သိမ်းရန် အမေရိကန် ဒီမိုကရက်တစ်အမတ်တစ်ချို့ စဉ်းစားနေလျက်ရှိကြောင်း The Hill ဝက်ဆိုဒ်တွင် ဖော်ပြထားသည်။

 အမေရိကန်နိုင်ငံ၏ အမြင့်ဆုံးသော အရပ်ဘက်ဂုဏ်ထူးထောင်ဆုတံဆိပ်ကို ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ရန် ၂၀၀၈ ခုနှစ်က ကွန်ဂရက်တွင် တစ်ခဲနက် မဲပေးဆုံးဖြတ်ခဲ့ကြသည်။

 သို့သော် ယခု ဆယ်စုနှစ်တစ်စုအကြာရောက်လာချိန်တွင် ဘင်္ဂါလီအရေးကိစ္စ ကိုင်တွယ်ပုံကြောင့် ဒေါ်အောင်ဆန်းစုကြည်ထံမှ အဆိုပါဆု ပြန်သိမ်းသွားရန် အမေရိကန်အမတ်များဘက်က စဉ်းစားလာနေခြင်း ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly