ကမ္ဘာပေါ်တွင် ကြေးအမြင့်ဆုံးရသည့် DJ သမားအဖြစ် သတ်မှတ်ခံရတဲ့ ကာလ်ဗင်ဟာရစ်

ကမ္ဘာပေါ်တွင် ကြေးအမြင့်ဆုံးရသည့် DJ သမားအဖြစ် သတ်မှတ်ခံရတဲ့ ကာလ်ဗင်ဟာရစ်

နယူးယော့ခ်၊ သြဂုတ် ၂၆

စကော့တလန် DJ ပညာရှင် ကာလ်ဗင်ဟာရစ်သည်  ကမ္ဘာပေါ်တွင် ကြေးအမြင့်ဆုံးရရှိသည့်  DJ သမားအဖြစ် တတိယအကြိမ်မြောက် သတ်မှတ်ခြင်း ခံခဲ့ရကြောင်းနှင့် ဟာရစ်သည် ၂၀၁၄ ခုနှစ် ဇွန်လမှ ၂၀၁၅ ခုနှစ် ဇွန်လအထိ ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၆ သန်းရရှိခဲ့ပြီး ယင်းပမာဏသည် လွန်ခဲ့သည့် နှစ်က ၎င်းရရှိထားသော ပမာဏနှင့် တူညီသည်။

ဟာရစ်သည် ၂၀၁၄ ခုနှစ် ဇွန်လမှ ၂၀၁၅ ခုနှစ် ဇွန်လအထိ ဖျော်ဖြေမှု၊ လိုင်စင်ထုတ်ပေးမှု၊ ရောင်းချရမှုနှင့် အခြားသော စာချုပ်ချုပ်ဆိုခြင်းမှရရှိသော ဝင်ငွေများ အခွန်မဆောင်ရခင်အထိ အမေရိကန်ဒေါ်လာ ၆၆ သန်းရရှိခဲ့ကြောင်း Forbes မဂ္ဂဇင်း၏ နှစ်ပတ်လည်  Electronic Cash Kings စာရင်းတွင် ဖော်ပြထားသည်။

 အသက် ၃၁ နှစ်အရွယ်ရှိ ဟာရစ်နှင့် ၎င်း၏ချစ်သူ တေလာဆွဇ်တို့နှစ်ဦး ရရှိသော ဝင်ငွေသည် ဂျေဇီးနှင့် ဘီယွန်စေးတို့ထက် သာလွန်ကာ ဂီတလောကတွင် အင်အားအကြီးဆုံး စုံတွဲဖြစ်လာသည်။

ဟာရစ်သည် မကြာသေးမီက ထွက်ရှိထားသော စံချိန်တင်ရောင်းချရသည့် ၎င်း၏ Motion တေးသီချင်းအယ်လ်ဘမ်နှင့် လက်စ်ဗီးဂက်စ် ဖျော်ဖြေအဖွဲ့ အပါအဝင် ကလပ်နှင့် ဖျော်ဖြေပွဲများမှ အဓိက ဝင်ငွေရရှိခဲ့ကြောင်း Forbes မဂ္ဂဇင်းတွင် ဖော်ပြထားသည်။

Electronic Cash Kings စာရင်း နံပါတ် ၂ နေရာတွင် ဒေးဗစ်ဒ်ဂက်တာက ၂၀၁၅ ခုနှစ်တွင် ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၇ သန်းဖြင့် ရပ်တည်နေပြီး တက်စတိုသည် အမေရိကန်ဒေါ်လာ ၃၆ သန်းဖြင့် နံပါတ် ၃ နေရာတွင် ရပ်တည်လျက်ရှိကာ စကေးလက်စ်နှင့် စတီဗ်အေအိုကီတို့သည် အမေရိကန်ဒေါ်လာ ၂၄ သန်းဖြင့် နံပါတ်လေးနေရာတွင် ပူးတွဲ ရပ်တည်လျက်ရှိသည်။

မဇ္ဈိမဒစ်ဂျစ်သတင်းစာ Update VersionAndroid ဖုန်းတွေမှာ Download လုပ်ပြီး install လုပ်ထားရုံနဲ့ သတင်းစာဖတ်နိုင်ပါပြီ။Download link - http://bit.ly/1JF5t8W

Posted by Mizzima - News in Burmese on Wednesday, August 26, 2015

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly