မြဝတီတွင် အမျိုးသမီးတစ်ဦး ကြိုးဆွဲချ သေဆုံး

မြဝတီတွင် အမျိုးသမီးတစ်ဦး ကြိုးဆွဲချ သေဆုံး

မတ်လ ၉ ရက်၊ မြဝတီ ။         ။ မြဝတီမြို့ အမှတ်(၃)ရပ်ကွက်တွင် အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့ပြီး မြဝတီမြို့မရဲစခန်းမှ သေမှုသေခင်း ဖွင့်လှစ်ထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်၊  ဗိုလ်လကျာၤလမ်း၊ ဒေါ်မိငွေနေအိမ်တန်းလျား၊ အခန်းအမှတ် (၂) တွင် နေထိုင်သော ဒေါ်အေးသိန်း၊ အသက် ( ၄၀ )နှစ်သည်  မိမိကိုယ်ကိုယ် ကြိုးဆွဲချသေဆုံးနေသည်ကို မတ်လ ၉ ရက်နေ့၊ နံနက် ၈ နာရီ ၁၅ မိနစ် အချိန်ခန့်၌်  တွေ့ရှိရခြင်း ဖြစ်သည်။

မြဝတီမြု့မရဲစခန်းမှ လာရောက်စစ်ဆေးရာ သေဆုံးသူသည် နေအိမ်တန်းလျားအပေါ်ထပ် အမြင့် ၁၂ ပေခန့်ရှိ နေအိမ်ထုတ်တန်းတွင် ယခင်အဝတ်အစားများ ချည်နှောင်ထားရှိသော အစိမ်းရောင်နိုင်လွန်ကြိုးအား လည်ပင်းတွင် ၂ ပတ်ခန့်ချည်နှောင်ထားပြီး ခြေထောက်မှာ ကြမ်းပြင်နှင့်ထိလျှက် သေဆုံးနေကြောင်း တွေ့ခဲ့ရသည်ဟု ရဲမှတ်တမ်းအရ သိရသည်။

လက်ရှိတွင် လည်ပင်းကြိုးပွန်းဒဏ်ရာမှအပ ပြင်ပဒဏ်ရာမတွေ့ရှိရကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားပြီး ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် ရဲတပ်ဖွဲ့မှ တရားလိုပြုလုပ်တိုင်တန်းထားသည်။

သေဆုံးသူသည် တစ်ယောက်တည်းနေထိုင်သူဖြစ်ပြီး သားအိမ်ကင်ဆာခံစားနေရသူဖြစ်ကြောင်း ၎င်းနေအိမ်တန်းလျားသို့ရောက်ရှိနေသော သေဆုံးသူ၏ မိတ်ဆွေဆိုသူ ကိုစိုင်းမင်းထိုက်က   ပြောသည်ဟုရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့နောက် ကြိုးဆွဲချသေဆုံးသူ၏ အလောင်းအား ကြိုးဖြတ်ပြီး ရင်ခွဲရုံသို့ သယ်ယူပို့ဆောင်ရန်အတွက် မြဝတီမြို့စေတနာအသင်း(Myanmar  RESCUE Myawadd)မှ သွားရောက် ကူညီဆောင်ရွက်ပေးခဲ့ကာ အလောင်းအား ပြည်သူဆေးရုံ ရင်ခွဲရုံသို့ ရဲဆေးစာနှင့်အတူကူညီ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly