မူးယစ်ဆေးပြား ၂၈ သိန်းကျော် ရပ်ထားသောကားအတွင်းမှ ပိုင်ရှင်မဲ့ ဖမ်းမိ

မူးယစ်ဆေးပြား ၂၈ သိန်းကျော် ရပ်ထားသောကားအတွင်းမှ ပိုင်ရှင်မဲ့ ဖမ်းမိ
(ဓာတ်ပုံ၊အမှတ် ၁၁ နယ်မြေရဲစခန်း)

မူးယစ်ဆေးပြား ၂၈သိန်းနှင့်မူးယစ်ဆေးဝါးများ မတ်လ ၉ ရက်၊နံနက်ပိုင်း မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်း ခိုင်ရွှေဝါလမ်းနှင့် ဇလပ်ဝါလမ်းကြားတွင် ရပ်ထားသည့် ကားပေါ်မှ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့သည်ဟု အမှတ် ၁၁ နယ်မြေရဲစခန်းမှ သိရသည်။

အဆိုပါ Crown Royal saloon ကား ရပ်ထားသည်မှာ ၄ ရက်ခန့်ရှိနေခြင်းကြောင့် မသင်္ကာ၍ ရှာဖွေရာမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

၎င်းကားအတွင်းမှ ပီနံံအိတ်ဖြင့်ထည့်ထားသော 88/1 ဆေးပြား ၁၀ သိန်းပြား၊WY ဆေးပြား ၁၈ သိန်းပြား စုစုပေါင်း ဆေးပြား ၂၈ သိန်းပြားနှင့် ဘိန်းဖြူ ဆပ်ပြာခွက် ၁.၈ ကီလိုဂရမ် ၊ ဘလောက်တုံး ဘိန်းဖြူ ဝ.၇ ကီလိုဂရမ်၊ ဘိန်းဖြူ အထုပ် ၁.၈ ကီလိုဂရမ်၊ အိုက်စ် ၁ ကီလို နှင့် ဆိုဒီယံဟိုက်ဒရိုဆိုဒ် ဝ.၁၅ ကီလိုဂရမ်နှင့်လိင်စိတ်ကြွဆေးများ ရှာဖွေတွေ့ရှိကြောင်းသိရသည်။

ပိုင်ရှင်မဲ့ သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့် ပတ်သတ်၍ တရားခံဖမ်းဆီးရမိရေးအတွက် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် နယ်မြေခံရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ စုံစမ်းလျှက်ရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly