ဘေဆယ်ကိုရှုံးပြီးနောက် မန်စီးတီးအသင်း၏ခြေစွမ်းကို ဂွာဒီယိုလာဝေဖန်

ဘေဆယ်ကိုရှုံးပြီးနောက် မန်စီးတီးအသင်း၏ခြေစွမ်းကို ဂွာဒီယိုလာဝေဖန်

 

မတ် ၈၊ မန်ချက်စတာ။                              ။ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့အဖြစ် ဘေဆယ်အသင်းကို ၂-၁ ဂိုးဖြင့်ရှုံးသည့်ပွဲတွင် မန်စီးတီးအသင်း၏ ဒုတိယပိုင်းကစားပုံကို နည်းပြဂွာဒီယိုလာကကျေနပ်ခြင်းမရှိဘဲ ဝေဖန်သွားခဲ့သည်။

ပထမအကျော့တွင် ၄-၀ ဂိုးဖြင့်နိုင်ထား၍ နောက်တစ်ဆင့်တက်နိုင်ခဲ့သော်လည်း အီတီဟတ်တွင် ၃၆ ပွဲဆက်ရှုံးပွဲမရှိသည့် စံချိန်ကျိုးခဲ့ရသည့်ပွဲမှ ဒုတိယပိုင်းခြေစွမ်းကို ဂွာဒီယိုလာက မကျေမနပ်ဖြစ်နေခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်မှမန်စီးတီးအသင်းမှာ ဘောလုံးပိုင်ဆိုင်မှုများစွာအသာရခဲ့ပြီး ပေးပို့မှု ၉၇၈ ကြိမ်ပြုလုပ်နိုင် ခဲ့ရာ ၂၀၀၃-၀၄ နောက်ပိုင်း ချန်ပီယံလိဂ်စံချိန်တစ်ခုဖြစ်ခဲ့ရသော်လည်း ဂွာဒီယိုလာအတွက်မူ ကျေနပ်လောက်သည့် အနေအထားမဟုတ်ပေ။

ချန်ပီယံလိဂ်တွင်အသင်းအငယ်ဆုံးပွဲထွက်ကစားသမားအဖြစ် စံချိန်ချိုးခဲ့သည့် အသက် ၁၇ နှစ်အရွယ် ဖီးလ်ဖိုဒင်တစ်ဦးတည်း ကိုသာ ဂွာဒီယိုလာကချီးကျူးခဲ့ပြီး ကျန်အသင်းသားများမှာ ထက်သန်ပြင်းပြသည့်စိတ်မရှိဟု ဆိုသည်။

“ဖီးလ်ဖိုဒင် ကောင်းတယ်။ ဒုတိယပိုင်းမှာလည်း သူတစ်ယောက်ပဲ ပြင်းပြတဲ့ဆန္ဒရှိတယ်။ အနာဂါတ်အတွက်တော့ အလားအလာ ကောင်းတာပေါ့လေ”ဟု ဂွာဒီယိုလာကဆိုသည်။

ကွာတားဖိုင်နယ်တွင်တွေ့ဆုံရမည့်ပြိုင်ဘက်မှာ ပိုမိုခက်ခဲမည်ဖြစ်၍ အဆင်သင့်ဖြစ်အောင်ပြင်ဆင်ထားရမည်ဖြစ်ကြောင်းလည်း ဂွာဒီယိုလာက ပြောသည်။

Ref; goal.com

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly