ချန်ပီယံလိဂ်ကွာတားတွင် ပရီးမီးယားလိဂ်ကလပ်နှင့် ဖာမီနိုဆုံတွေ့လို

ချန်ပီယံလိဂ်ကွာတားတွင် ပရီးမီးယားလိဂ်ကလပ်နှင့် ဖာမီနိုဆုံတွေ့လို

 

မတ် ၈၊ လီဗာပူးလ်။              ။ လီဗာပူးလ်တိုက်စစ်မှူးဖာမီနိုသည် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်တွင် ပရီးမီးယားလိဂ်ကလက်အသင်းအချင်းချင်း ဆုံတွေ့ချင်နေသည်။

လီဗာပူးလ်အသင်းအနေဖြင့် သောကြာနေ့တွင်ပြုလုပ်မည့်မဲခွဲပွဲတွင် မည်သည့်ဥရောပအသင်းကိုမဆိုကြောက်ရွံ့နေမည် မဟုတ်သော်လည်း ဖာမီနိုကမူ ကလော့ပ်၏လက်အောက်တွင် အသင်းကြီးတိုင်းကိုအနိုင်ယူနိုင်စွမ်းရှိကြောင်းပြသပြီးဖြစ်သဖြင့် ပရီးမီးယားလိဂ်ပြိုင်ဘက်များနှင့် တွေ့ဆုံလိုနေခြင်းဖြစ်သည်။

ဖာမီနိုက “အင်္ဂလိပ်အသင်းတစ်သင်းနဲ့ ဆုံချင်ပါတယ်။ မကြာသေးတဲ့ရာသီတွေကတည်းက ကျွန်တော်တို့ဟာ ဘယ်အင်္ဂလိပ် ကလပ်ကိုမဆို အနိုင်ရခဲ့ပါတယ်။ သူတို့နဲ့တွေ့တဲ့ ရလဒ်တွေက ကောင်းခဲ့တယ်လေ။

ထိပ်သီးအင်္ဂလိပ်ကလပ်တွေနဲ့တွေ့တဲ့အခါ ကျွန်တော်တို့ကောင်းကောင်းကစားနိုင်တယ်လို့ခံစားရပြီး အနိုင်ယူနိုင်စွမ်းရှိတယ် ဆိုတာကိုလည်း ပြခဲ့ပြီးပြီ။ ဒါပေမဲ့ ဘယ်ပြိုင်ဘက်နဲ့တွေ့တွေ့တော့ မကြောက်ပါဘူး”ဟု ဆိုသည်။

ဘေဆယ်ကို နှစ်ကျော့ပေါင်း ၅-၂ ဂိုးဖြင့်အနိုင်ရခဲ့သည့် မန်စီးတီးအသင်းသည်လည်း လီဗာပူးလ်ကဲ့သို့ပင်ကွာတားသို့ တက်ရောက်နိုင်ခဲ့သော်လည်း စပါးအသင်းမှာမူ ဂျူဗင်တပ်ကိုနှစ်ကျော့ပေါင်း ၄-၃ ဂိုးဖြင့်ရှုံးပြီး ပြိုင်ပွဲမှထွက်ခဲ့ရသည်။

ချယ်လ်ဆီးအသင်းမှာ ပထမအကျော့တွင် ဘာစီလိုနာကို တစ်ဂိုးစီသရေကျထားပြီး မန်ယူနိုက်တက်မှာ ဆီဗီလာနှင့် ဂိုးမရှိ သရေကျထားသည်။

Ref; Mirror

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly