AFC Cup မှာ ရှမ်းယူနိုက်တက်အသင်း အုပ်စုအဆင့်ကိုကျော်ဖြတ်နိုင်မှာလား

AFC Cup မှာ ရှမ်းယူနိုက်တက်အသင်း အုပ်စုအဆင့်ကိုကျော်ဖြတ်နိုင်မှာလား
 

 

ရှမ်းယူနိုက်တက်အသင်းအနေနဲ့ AFC Cup ပြိုင်ပွဲမှာ အုပ်စုအဆင့်ကနေကျော်ဖြတ်နိုင်ဖို့မျှော်လင့်ချက်ရှိနေသေးတယ်လို့ နည်းပြချုပ်ဦးစိုးမြတ်မင်းက ပြောပါတယ်။

ဖိလစ်ပိုင်ကလပ် ဆီရက်စ် နီဂရိုးစ်အသင်းကို အဝေးကွင်းမှာ နှစ်ဂိုး၊ ဂိုးမရှိနဲ့ရှုံးနိမ့်ပြီးနောက်မှာ အခုလိုပြောဆိုခဲ့တာပါ။ ရှမ်းယူနိုက်တက်အသင်းဟာ သုံးပွဲကစားပြီးချိန်မှာ တစ်ပွဲနိုင်၊ နှစ်ပွဲရှုံး၊ ရမှတ် သုံးမှတ်နဲ့ အုပ်စု F ရဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။

ဦးစိုးမြတ်မင်းက “တစ်ဖက်ကပွဲမှာ ဘွန်ကတ်က ဟုမ်းယူနိုက်တက်ကို သုံးဂိုး၊ နှစ်ဂိုးနဲ့နိုင်သွားတယ်ဆိုတော့ ဒီရလဒ်အရ ကျွန်တော်တို့မှာ မျှော်လင့်ချက်ရှိနေပါသေးတယ်။

ဒါကြောင့်မို့ ဒီမျှော်လင့်ချက်ဆက်လက်ရှင်သန်ဖို့အတွက် ကျွန်တော့်ကစားသမားတွေရဲ့ အမှားတချို့ကိုရအောင်ပြင်မယ်။ နောက်ပွဲတွေမှာရလဒ်ကောင်းအောင် ကျွန်တော့်အနေနဲ့ ဒီထက်ပိုကြိုးစားသွားမှာပါ”လို့ ဆီရက်စ်နဲ့ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။

အုပ်စု F မှာ ဆီရက်စ်အသင်းက ရမှတ် ၇ မှတ်နဲ့ဦးဆောင်နေပြီး ဟုမ်းယူနိုက်တက်က ရမှတ် ၄ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ အိမ်ကွင်းအဝေးကွင်းနှစ်ကျော့ကစားပြီး အုပ်စုပထမနဲ့ ဒုတိယအသင်း နောက်တစ်ဆင့်တက်မှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly