Meet With The Celebrities ( On The Spot ) အစီအစဉ်အတွက် အနုပညာရှင် ၅ဦးနှင့် ထပ်မံ ရိုက်ကူး

Meet With The Celebrities ( On The Spot ) အစီအစဉ်အတွက် အနုပညာရှင် ၅ဦးနှင့် ထပ်မံ ရိုက်ကူး

ရန်ကုန် ၊ သြဂုတ် ၂၆ ။         ။ Story Book အဖွဲ့မှ စီစဉ်သည့် Meet With The Celebrities ( On The Spot ) အစီအစဉ်ဖြစ်သည့် အနုပညာရှင် ငါးဦး နှင့် ၎င်းတို့၏ ပရိသတ်များ တွေ့ဆုံမှုကို  သြဂုတ် ၂၅ရက်တွင်  Tawwin Garden Hotel ၌ ရိုက်ကူး ခဲ့ပြီး မကြာမီ MWD နှင့် Sky Net ရုပ်သံလိုင်းတို့တွင် ပြသမည် ဖြစ်ကြောင်း Story Book  က ကြေညာသည်။

Meet With The Celebrities ( On The Spot ) အစီအစဉ်ကို Story Book အဖွဲ့မှစီစဉ် တင်ဆက်ခြင်း ဖြစ်ပြီး ဒါရိုက်တာ သည်ခေတ်နေမှ ရိုက်ကူးရေး ဒါရိုက်တာ အဖြစ် တာဝန်ယူ ထားခြင်းဖြစ်သည်။ ယခု တစ်ခေါက် တွင် အကယ်ဒမီ မင်းမော်ကွန်း ၊ သဉ္ဇာနွယ်ဝင်း ၊ ရဲရင့်အောင် ၊ ရွှေရေးထင်ထင် ၊ ပန်းပန် တို့ဖြင့် ရိုက်ကူး ထားသည်။

Meet With The Celebrities အစီအစဉ်သည် နာမည်ကြီး အနုပညာရှင်များက ၎င်းတို့ အသုံးပြုနေ သည့် Fan Page မှ ပရိသတ် ၅ဦးနှင့် အပြင်တွင် တွေ့ဆုံကြပြီး ပရိသတ် ၅ဦးမှ သူတို့ ရွေးချယ် ထားသည့် မေးခွန်း ၃ခုစီကို မေးမြန်းကြသလို လျှပ်တစ်ပြတ် မေးမြန်းသည့် မေးခွန်းများ မေးမြန်းမှုများ ပါဝင်သည်။

ပရိသတ်များက မေးမြန်း ပြီးသွားသည့် အချိန်တွင် အနုပညာရှင်မှ ပရိသတ်ကို Performance တစ်ခုခု ဖြင့် တင်ဆက်ပေးခြင်း (သို့)  Performance မဟုတ်ပါက  အမှတ်တရ ပစ္စည်း တခုခု ပေးသည့် အစီအစဉ် တစ်ခု ဖြစ်သည်။

"Meet With The Celebrities" (On The Spot) အစီအစဉ် အတွက် မေလ ၃၁ ရက်တွင် ယုန်လေး ၊ ဂျောက်ဂျက် ၊ ကျော်ထွဋ်ဆွေ ၊ ဆူဇီ ၊ မေမြင့်မိုရ် ၊ ဝင့်ယမုံလှိုင် တို့နှင့် ၎င်းတို့၏ ပရိတ်သတ် များတွေ့ဆုံဆွေးနွေး ကြပုံ များကို ရိုက်ကူး ပြီးစီး ခဲ့ပြီး  လက်ရှိတွင် မြဝတီ ရုပ်မြင်သံကြား ၌ ပြသလျက် ရှိသည်။

"Meet With The Celebrities"(On The Spot) အစီအစဉ်ကို အပါတ်စဉ် ဗုဒ္ဓဟူး နေ့တိုင်း ညနေ ခြောက်နာရီမှ ခုနစ်နာရီ အတွင်း  MWD နှင့် Sky Net ရုပ်သံလိုင်းတို့တွင် ထုတ်လွှင့် တင်ဆက် လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly