ကုမ္ပဏီများသို့ ရောက်ရှိသွားသကဲ့သို့ခံစားရစေမည့် ၃၆၀ ဒီဂရီ သုံးဖက်မြင် (3D)ပုံရိပ် VR နည်းပညာသုံးအလုပ်အကိုင်ပြပွဲကျင်းပမည်

ကုမ္ပဏီများသို့ ရောက်ရှိသွားသကဲ့သို့ခံစားရစေမည့် ၃၆၀ ဒီဂရီ သုံးဖက်မြင် (3D)ပုံရိပ် VR နည်းပညာသုံးအလုပ်အကိုင်ပြပွဲကျင်းပမည်

 

ရန်ကုန်၊ မတ် ၆ အလုပ်အကိုင်ရှာဖွေသူများကိုယ်တိုင် ကုမ္ပဏီများ၏ ရုံးခန်းများသို့ ရောက်ရှိသွားရသကဲ့သို့ခံစားရမည့်၃၆၀ဒီဂရီသုံးဖက်မြင်(3D)ပုံရိပ်ဗွီဒီယို များကို ကြည့်ရှု၍ အလုပ် လျောက်ထားနိုင်မည့် 

Virtual Reality (VR) နည်းပညာသုံးအလုပ်အကိုင်ပြပွဲတစ်ခုကို လာမည့် မတ်လ ၁၀ ရက်နေ့ မနက် ၉ နာရီမှ ညနေ ၅ နာရီအထိကျင်းပသွားမည်ဖြစ်ကြောင်းထိပ်တန်းအလုပ်အကိုင်ရှာဖွေရေး Website ဖြစ်သောJobNet.com.mm မှ သိရသည်။

အဆိုပါ အလုပ်အကိုင်ပြပွဲတွင် မြန်မာပြည်၏ ထိပ်တန်းကုမ္ပဏီကြီးများဖြစ်သော Unilever၊ Heineken၊ CB Bank၊ အော်ရီဒူး၊ Metro၊ Wallstreet English စသော ကုမ္ပဏီများအပါအဝင် ကုမ္ပဏီပေါင်း ၄၀ ကျော်မှ အထွေထွေ အလုပ်အကိုင်များကို ပြသပေးသွားမည်ပြီးအလုပ်အကိုင်ရှာဖွေသူများအနေဖြင့် ၎င်းတို့ လျောက်ထားသောကုမ္ပဏီထဲသို့ ကိုယ်တိုင်သွားရောက်၍ လေ့လာရသကဲ့သို့ ခံစားရမည့် Virtual Realityနည်းပညာကိုအသုံးပြုထားမည်ဖြစ်ကြောင်းသိရသည်။

ကောင်းမွန်သော လုပ်ငန်းခွင်ပတ်ဝန်းကျင်ရှိခြင်းသည်ဝန်ထမ်းတိုင်းမျှော်လင့် လေ့ရှိကြသောအရာ တစ်ခု ဖြစ်ပြီးကောင်းမွန်သော ကုမ္ပဏီများအနေဖြင့် ဝန်ထမ်းများအတွက် ကောင်းမွန်သော 

လုပ်ငန်းခွင် နေရာ များ ဖန်တီးပေးရန် အရေးကြီးကြောင်း JobNet.com.mm က နားလည်သဘောပေါက်သဖြင့်ယခုကဲ့သို့ VR နည်းပညာသုံး Job Fair တစ်ခုကိုကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းJobNet.com.mm ၏ မန်းနေးဂျင်းဒါရိုက်တာဖြစ်သူ Matt De Luca က ပြောသည်။

“ကောင်းမွန်တဲ့ လုပ်ငန်းခွင်ရှိတာဟာ ဝန်ထမ်းတွေကို လုပ်ငန်းခွင်မှာပျော်ရွင်စေပြီး ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ကို မြင့်တက်လာစေပါတယ်။ သာယာပျော်ရွင်ဖွယ်ကောင်းတဲ့ လုပ်ငန်းခွင်၊ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ရှိတဲ့ နေရာမှာအလုပ်လုပ်ကိုင်ရသူတွေဟာလုပ်ငန်းခွင်မှာ မြဲကြပါတယ်။ ပြီးတော့ ကုမ္ပဏီအတွက်လည်းအလုပ်တွေပိုပြီးလုပ်ကိုင်နိုင်ကြပါတယ်။ ဒါကြောင့်လုပ်ငန်းခွင်အတွင်းကောင်းမွန်စွာလုပ်ကိုင်နိုင်ရေးနှင့် စိတ်ဖိစီးမှုနည်းပါစွာ အလုပ်လုပ်ကိုင်နိုင်ရေး၊ ကျန်းမာရေးနဲ့ သင့်လျော်သောလုပ်ငန်းခွင်ရှိရေးစတဲ့ အခြေအနေတွေကိုProfessional တွေကလည်းရွေးချယ်လုပ်ကိုင်လာကြတာကြောင့် ခုလို VR နည်းပညာသုံးတဲ့ အလုပ်အကိုင်ပြပွဲတစ်ခုကို ပြုလုပ်ရတာပါ။”ဟု ၎င်းက ပြောသည်။

ထို့အပြင် အလုပ်အကိုင်လာရောက်လျောက်ထားသူများသည် မြန်မာနိုင်ငံရှိထင်ကြားကျော်ကြားသောလူ့စွမ်းအားအရင်းအမြစ် (HR) ကဏ္ဍတွင် အထူးကျွမ်းကျင်သော HR Manager များနှင့် တွေ့ဆုံဆွေးနွေး နိုင်မည့် အခွင့်အရေးများကိုရရှိမည်ဖြစ်သည်။အဆိုပါ VR အလုပ်အကိုင်ပြပွဲအတွင်းသက်ဆိုင်ရာကုမ္ပဏီများအတွက် အင်တာဗျူးအခန်းငယ်များထားရှိ၍

အလုပ်လျောက်ထားသူ၏ အရည်အချင်းကို နှစ်သက်ပါကချက်ချင်းအင်တာဗျူး၍ အလုပ်အကိုင်ခန့်ထားပေးမည့် အစီအစဉ်များလည်းထည့်သွင်းထားကြောင်းသိရသည်။

End

မေတ္တာရပ်ခံချက်
 

ချစ်ခင်လေးစားရတဲ့ မိတ်ဆွေများခင်ဗျာ။ JobNet.com.mm မှ ထုတ်ပြန်သောသတင်းထုတ်ပြန်ချက်များကိုအသုံးပြုပါက Website များတွင် ဖော်ပြပါကJobNet.com.mm ၏ Backlink ကိုထည့်သွင်းဖော်ပြပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။

JobNet.com.mmအကြောင်း

JobNet.com.mmဟာမြန်မာ့ဦးဆောင်ရှေ့ပြေးအွန်လိုင်းအလုပ်အကိုင်ဝဘ်ဆိုဒ်ကြီးတစ်ခု ဖြစ်ပြီးလစဉ် ဝင်ရောက် ကြည့်ရှု့သူပေါင်း ၄ သိန်းကျော်ရှိပြီးအလုပ်လျှောက်လွာပေါင်း ၆ သောင်းကျော် ရရှိသောဝဘ်ဆိုဒ်ကြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံရှိကြီးမားသောအလုပ်သမားခေါ်ယူသူများအနေနဲ့ လည်းJobNet.com.mmအားအဓိကထားအားကိုးအသုံးပြုနေ ကြပြီဖြစ်ပါတယ်။ JobNet.com.mmအနေနဲ့လည်း မြန်နှုန်းမြင့်တိုးတက်မှုဖြင့် မြန်မာ နိုင်ငံဈေးကွက်အတွင်းရှိ အရည်အသွေး မြင့် ကျွမ်းကျင်အဆင့်ရှိ အလုပ်သမားရှာဖွေရာမှာအဆင့်မြင့်ပြီးအကောင်းမွန်ဆုံးဝဘ်ဆိုဒ် အဖြစ်ပိုမိုရှင်းလင်းသိသာလာစေခဲ့ပြီဖြစ်ပါတယ်။

About Matt De Luca

Matt De Luca ဟာJobNet.com.mmရဲ့မန်နေးဂျင်းဒါရိုက်တာတစ်ဦးဖြစ်ပါတယ်။ ၎င်းဟာ ၂၀၁၅ ခုနှစ်အတွင်းJobNet.com.mmအား Co-founding မပြုလုပ်မှီ PricewaterhouseCoopers (PWC) ရဲ့ Management Consulting Division ပိုင်းမှာလုပ်ကိုင်ခဲ့ပြီးသူ့အနေနဲ့နယ်သာလန်နိုင်ငံမှာ technology အခန်းကဏ္ဍရဲ့ Banking ပေါ်မှာအကျိုးသက်ရောက်မှုနှင့်ပတ်သက်ပြီးအထူးတာဝန်ယူလုပ်ဆောင်ရတာဖြစ်ပါတယ်။ Matt ဟာJobNet.com.mmကိုဝင်ရောက် မလုပ်ကိုင်မှီ မြန်မာနိုင်ငံအတွင်းစီးပွားရေးဝင်ရောက် လုပ်ကိုင်မှုအဖြစ် လုပ်ကိုင် ခဲ့သော Rocket Internet ရဲ့ အလုပ်အကိုင်ဆိုဒ်တစ်ခုမှာလုပ်ကိုင်ခဲ့ပါတယ်။ Matt ဟာ Erasmus University၊ Rotterdam School of Management မှ Science in Finance ဘာသာရပ်တွင် Master ကိုင်ဆောင်ထားသူလည်းဖြစ်ပါတယ်။ Matt ဟာရန်ကုန်တွင် အခြေချနေပြီး မြန်မာနိုင်ငံJobNet.com.mmရဲ့တိုးတက်မှုကိုဦးဆောင်မှုပြု နေသူလည်းဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly