ရခိုင်ဝန်ကြီးချုပ်(ငြိမ်း) ဦးမောင်မောင်အုန်း အမ်းမြို့နယ်က ဝင်ပြိုင်မည်

ရခိုင်ဝန်ကြီးချုပ်(ငြိမ်း) ဦးမောင်မောင်အုန်း အမ်းမြို့နယ်က ဝင်ပြိုင်မည်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နေရာ ပြည်နယ် စီးပွား/စီမံဝန်ကြီး ဦးမြအောင်ကို ခန့်အပ်

စစ်တွေ၊ သြဂုတ် ၂၆ ။         ။ အငြိမ်းစားယူသွားသော ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း နေရာတွင် ခေတ္တဝန်ကြီးချုပ်အဖြစ် စီးပွားရေး/ စီမံကိန်း ပြည်နယ်ဝန်ကြီး ဦးမြအောင်က တာဝန်ယူ သွားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းနှင့်ပြန်ကြားရေးအဖွဲ့ဝင် ဦးလှသိန်းက ပြောကြားသည်။

ဝန်ကြီးချုပ်တစ်ဦးကို လတ်တလောရွေးချယ် ခန့်အပ်မည်ဆိုပါက ပြည်နယ်လွှတ်တော်ခေါ်ရပါမည်ပြီး အစိုးရသက်တမ်းမှာလည်း သိပ်မကျန်တော့သည့် အတွက် ခေတ္တဝန်ကြီးချုပ်အဖြစ်သာ တာဝန်ယူပါက လွှတ်တော်ခေါ်ရန် မလိုအပ်တော့ကြောင်း ဦးလှသိန်းက ရှင်းပြသည်။

ရခိုင်ပြည်နယ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ် မောင်မောင်အုန်းကို ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့က ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် နိုင်ငံတော်သမ္မတမှ တိုက်ရိုက်ခန့်အပ်ခဲ့ပြီး ဦးမောင်မောင်အုန်းသည် သြဂုတ်လ ၂၅ ရက်တွင် ဝန်ကြီးချုပ် တာဝန်မှ အငြိမ်းစားယူလိုက်ပြီ ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန်လိုက်သည်။

ပြည်နယ်ဝန်ကြီးချုပ်(ငြိမ်း) ဦးမောင်မောင်အုန်းသည် အငြိမ်းစားယူခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးခံရန် သက်ဆိုင်ရာ ရွေးချယ် တင်မြှောက်ရေးဆိုင်ရာ ဥပဒေများနှင့်အညီ အမည်စာရင်း တင်သွင်းထားပြီးဖြစ်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly