အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြု၊ ကျေးလက်နှင့်မြို့ပြ အမျိုးသမီးဘဝမြှင့်တင်ရေး ဆွေးနွေး

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြု၊ ကျေးလက်နှင့်မြို့ပြ အမျိုးသမီးဘဝမြှင့်တင်ရေး ဆွေးနွေး

မိုးကောင်း၊ မတ်လ ၆ ။       ။ လာမည့် မတ်လ ၈ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဂုဏ်ပြုပွဲအတွက် ရည်ရွယ်ပြီး မတ်လ ၅ ရက် မနက်ပိုင်းက မိုးကောင်းမြို့နယ်၊ မန်ရွက် အခြေခံပညာအထက်တန်း(ခွဲ)ကျောင်းတွင် အစီအစဉ်တစ်ရပ် ကျင်းပခဲ့သည်။

"အမျိုးသမီးဘဝ  မြှင့်တင်ဖို့ ကျေးလက်နှင့်မြို့ပြ တက်ကြွလှုပ်ရှားသူများ ပူးပေါင်းလို့ ယခုပင်ကြိုး ပမ်းကြစို့  " အစီအစဉ်အား စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း ကျင်းပခဲ့ခြင်း ဖြစ်သည်။

မိုးကောင်းမြို့နယ်၊  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြု စီမံကိန်းရုံးမှ  ကြီးမှူးကျင်းပခြင်း ဖြစ်ပြီး  အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်ရည်ရွယ်ချက်များ၊ ကျားမရေးရာ လိုအပ်ချက်(၆)ချက်အပါအဝင် ဆွေးနွေးခဲ့ကြသည်။ 

မြို့ပြတွင် ဖွံ့ဖြိုးမှုရှိပြီး ကျေးလက်တွင် ဖွံ့ဖြိုးမှု အားနည်းနေသဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာ နက အကောင်အထည်ဖော်ဆောင်ရွက်နေသောစီမံကိန်းများတွင် ကျေးရွာနေအမျိုး သမီးထုများမှ နောက်ကျမှုမရှိဘဲ ကဏ္ဍအသီးသီးတွင်ပါဝင် ဆောင်ရွက်စေခြင်းဖြင့် အမျိုးသမီးဘဝ မြှင့်တင်စေရန်လည်း ရည်ရွယ်ကြောင်း သိရသည်။

ကချင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မေညွှန့်က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်ရည်ရွယ်ချက်များကို ထည့်သွင်း ပြောခဲ့သည်။

လူထုဗဟိုပြုစီမံကိန်း၏ အဆိုပါအထိမ်း အမှတ်ရည်ရွယ်ချက်များသည် (၁) အမျိုးသမီးများ၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း၊ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ပြီး တွန်းအားပေး ဆောင်ရွက် တတ်စေရန် ( ၂) ၎င်းတို့ဆောင်ရွက်နေသည် ကို အခြားမိတ်ဖက်အဖွဲ့အစည်းက သိရှိပြီး  စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ချိတ်ဆက်လုပ်ဆောင်မှု ပိုမိုအားကောင်းလာစေရန်နှင့် (၃) ကမ္ဘာနှင့် အဝှမ်း အမျိုးသမီးများအရေး လှုပ်ရှားမှု များကို လူထုအနေဖြင့်သိရှိနားလည်ပြီး အမျိုးသမီးများ ပိုမိုပါဝင်လာစေနိုင်မည့် ပတ်ဝန်းကျင်ကို ပိုမိုဖန်တီးပေးရန် ဖြစ်ကြောင်း သိရသည်။

အခမ်းအနားတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြသွေးစံ၊  မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းတို့က အမှာစကားပြောခဲ့ကြပြီး မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ  ဒေါ်လီလီဆွေ၊  လူထုဗဟိုပြု စီမံကိန်း Team Leader ဒေါ်အေးအေးလင်းတို့ တက်ရောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly