အိုင်အက်စ်တို့အားလေကြောင်း တိုက်ခိုက်မှုတွင် တူရကီလေတပ်ပါ၀င်မည်

အိုင်အက်စ်တို့အားလေကြောင်း တိုက်ခိုက်မှုတွင် တူရကီလေတပ်ပါ၀င်မည်

ဝါရှင်တန်၊ သြဂုတ် ၂၆ ။         ။ အိုင်အက်စ်စစ်သွေးကြွတို့အား လေကြောင်းမှ တိုက်ခိုက်ရာတွင် တူရကီဂျက်လေယာဉ်များပါဝင်ရန် အမေရိကန်နှင့် တူရကီတို့ သဘောတူညီမှုရရှိသွားပြီဖြစ်သည်။

အိုင်အက်စ်တို့အားတိုက်ခိုက်ရာတွင် ထူးခြားသောတိုးတက်မှုတစ်ခုအဖြစ် အမေရိကန်အရာရှိများက သဘောတူညီချက်ကို ကြိုဆိုခဲ့သည်။ တူရကီသည် ၎င်း၏ လေတပ်အခြေစိုက်စခန်းနှစ်ခုမျ အမေရိကန်လေယာဉ်များနှင့်အတူ တိုက်ပွဲဝင်မည်ဖြစ်သည်။ တူရကီသည် အိုင်အက်စ်တို့ကို အကြိမ်အနည်းငယ်တိုက်ခိုက်ထားသော်လည်း ယခုအခါ ပိုမိုကျယ်ပြန့်သည့် အိုင်အက်စ်တိုက်ဖျက်ရေး မဟာဗျူဟာတွင် အပြည့်အဝပူးပေါင်းပါဝင်တော့မည်ဖြစ်သည်။

သဘောတူညီချက်အားအကောင်အထည်ဖော်ရန် ရက်အနည်းငယ်ကြာမြင့်မည်ဟု ပင်တဂွန်ပြောခွင့်ရ ပီတာကွတ်က ပြောသည်။ တူရကီနှင့် ပူးပေါင်းဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ခြင်း တို့မှာ တိုးတက်မှုရှိနေပြီး နယ်စပ်ပြသနာများနှင့် ပတ်သက်၍ တူရကီနှင့် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နေကြောင်း ၎င်းက ပြောသည်။ လွန်ခဲ့သည့်လက တူရကီသည် အိုင်အက်စ်တို့ကို ပထမဆုံး အကြိမ်တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

တူရကီသည် မူလက စစ်ရေးအရအရေးယူမှုပြုလုပ်ရန် စိတ်မပါခဲ့သော်လည်း တူရကီနိုင်ငံတွင်း အိုင်အက်စ်တို့၏ တိုက်ခိုက်မှုများရှိလာပြီးနောက် ရပ်တည်ချက်ပြောင်းလဲခဲ့သည်။ သို့သော်လည်း တူရကီ သည် အီရတ်မြောက်ပိုင်းရှိ ပီကေကေပါတီမှ စစ်သွေးကြွများကိုလည်း ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိသည်။

လေ့လာသူများကမူ တူရကီတို့သည် အိုင်အက်စ်ထက် ပီကေကေ ကာ့ဒ်တို့ကို များစွာပို၍တိုက်ခိုက်မှုပြုလုပ်လျက်ရှိသည်ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly