အဓိကမဟာမိတ်များဖြစ်သည့် အီရန်နှင့် ရုရှက ဆက်လက်ထောက်ခံလိမ့်မည်ဟု ဆီးရီးယားသမ္မတအား ဆတ်ယုံကြည်

အဓိကမဟာမိတ်များဖြစ်သည့် အီရန်နှင့် ရုရှက ဆက်လက်ထောက်ခံလိမ့်မည်ဟု ဆီးရီးယားသမ္မတအား ဆတ်ယုံကြည်

ဒမတ်စကတ်၊ သြဂုတ် ၂၆ ။         ။ အဓိကမဟာမိတ်များဖြစ်သော အီရန်နှင့် ရုရှက မိမိအပေါ်ဆက်လက်ထောက်ခံလိမ့်မည်ဟု ယုံကြည်ကြောင်း ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ် ကပြောကြားသည်။ ဆီးရီးယား၏ လေးနှစ်ကြာပဋိပက္ခကို ဖြေရှင်း တွန်းအားပေးမှုအသစ်တစ်ခုရှိနေရာ ပြသနာကိုဖြေရှင်းရန် မစ္စတာအာဆတ်မှာ ဖိအားပေးရနိုင်သည်ဆိုသည့် ခန့်မှန်းချက်များ ထွက်ပေါ်စေခဲ့သည်။

သို့သော်လည်း ရုရှနှင့် အီရန်တို့သည် ၎င်းတို့၏ မိတ်ဆွေများကို မစွန့်ပစ်ဟု မစ္စတာအာဆတ်က ပြောခဲ့သည်။ ထိုစဉ် အကျပ်အတည်းအဆုံးသတ်ရေးမှာ ဆီးရီးယားခေါင်းဆောင်အားဖယ်ရှားရေးမှာ မဖြစ်မနေလိုအပ်သည်ဟု ပြင်သစ်ကပြောသည်။ အာဆတ်ကိုဖယ်ရှားနိုင်မှသာ အကြမ်းဖက်ဝါဒီတို့၏ သြဇာလွှမ်းမိုးမှုကို လျှော့ချ၍ရမည်ဟု ပြင်သစ်သမ္မတ ဖရန်ဆွာအော်လွန်းက ဆိုသည်။

သို့သော်လည်း နိုင်ငံရေးဖြေရှင်းချက်တစ်ခု၏ အစိတ်အပိုင်းအဖြစ် အာဆတ်ဆက်ရှိနေရန် လိုအပ်သည်ဟု အီရန်နှင့် ရုရှတို့ကပြောသည်။

မကြာသေးမီက အီရန်နှင့် အင်အားကြီးနိုင်ငံများကြား နျူကလီးယားသဘောတူညီချက်ရရှိပြီးနောက် ဆီးရီးယားနှင့် ပတ်သက်သည့် သံတမန်ရေးရာကိစ္စများပြုံကျလာခဲ့သည်။ မကြာမီတိုးတက်မှုရှိလာမည့် အနေအထားကို မတွေ့ရသေးဟု အာဆတ်က ၎င်း၏ ဟစ်ဇ်ဘိုလာမဟာမိတ်များအုပ်ချုပ်သော လက်ဘနွန်ရုပ်သံသို့ ပြောသည်။

ပြင်ပကမ္ဘာမှ အကြမ်းဖက်မှုကို ထောက်ပံ့မှုရပ်တန့်မှသာ ဖြေရှင်း၍ရနိုင်မည်ဟု ၎င်းကပြောသည်။ အာဆတ်က အတိုက်အခံလှုပ်ရှားသူများနှင့် ဂျီဟတ်အုပ်စုများကို အကြမ်းဖက်သူများအဖြစ် အာဆတ်က သုံးနှုန်းသည်။ စစ်မြေပြင်တွင် ၎င်း၏တပ်ဖွဲ့ဝင်များမှာ ကြောက်မက်ဖွယ်အခြေအနေနှင့် ရင်ဆိုင်နေရသော်လည်း အာဆတ်ပြောကြားခဲ့သည့် ရပ်တည်ချက်များမှာ ပြောင်းလဲမှုမရှိသေးပေ။

ဆီးရီးယားပဋိပက္ခမှာ ၂၀၁၁ခုနှစ်က အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများနှင့်အတူ စတင်ခဲ့သော်လည်း သွေးစွန်းသော အဖွဲ့ပေါင်းစုံ၏ ပဋိပက္ခအဖြစ်သို့ပြောင်းလဲသွားခဲ့ရာ ယခုအချိန်အထိ လူပေါင်း ၂၅၀,၀၀၀ကျော်သေဆုံးခဲ့ပြီးဖြစ်သည်။ တရားဝင်ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအတွက် အဓိကအဖွဲ့အစည်းများကြား ညိနှိုင်းတိုင်ပင်မှုများစွာကို ဆီးရီးယားအကျပ်အတည်းဆိုင်ရာ ကုလသမဂ္ဂ သံတမန် စတက်ဖန်ဒီမစ္စကျူရာက အဆိုပြုခဲ့သော်လည်း ယင်းသံမန်ကဘက်လိုက်သည်ဟု အာဆတ်က ၎င်း၏ အင်တာဗျူးတွင် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly