ထိုင်းနိုင်ငံတွင် မော်တော်ဆိုင်ကယ်နှင့် လော်ရီကားတိုက်မိရာမှ မြန်မာနိုင်ငံသား ၃ဦးသေဆုံး

ထိုင်းနိုင်ငံတွင် မော်တော်ဆိုင်ကယ်နှင့် လော်ရီကားတိုက်မိရာမှ မြန်မာနိုင်ငံသား ၃ဦးသေဆုံး

ကန်ချနဘူရီ ။          ။ ထိုင်းနိုင်ငံ ဖနွမ်ထူအန်ခရိုင်အတွင်း၌ စနေနေ့ညက မော်တော်ဆိုင်ကယ်တစ်စီးနှင့် လော်ရီကားတစ်စီးတို့ ဝင်တိုက်ခဲ့ကြပြီး  ၆ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအပါအဝင်   မြန်မာနိုင်ငံသား ၃ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။

ဖနွမ်ထူအန်ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးရေးမှူးဖြစ်သူ ရဲမှူးကြီး နာသာပတ်ထူအန်ဆတ်ခ်က အဆိုပါမတော်တဆ ဖြစ်ရပ်သည် ဒွန်ချက်ဒီခရန်သောင် ကျေးရွာအနီးရှိ ဆည်မြောင်းတူးမြောင်းတစ်လျှောက်ရှိ လမ်းမကြီးပေါ်၌ ဒေသစံတော်ချိန် ည ရး၁၀ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

ယင်းမတော်တဆဖြစ်ရပ်အတွင်း လော်ရီကားသည် မော်တော်ဆိုင်ကယ်ကို တိုက်မိခဲ့ပြီးနောက် မောင်းပြေး သွားခဲ့ပြီး အသက် ၃၀အရွယ် ကျော်ဆုနှင့် အသက် ၂၅ နှစ်အရွယ်ရှိ ပိုင်ပိုင်ဟုအမည်ရသော မြန်မာနိုင်ငံသား နှစ်ဦးနှင့် အသက် ၆နှစ်အရွယ်ရှိ ခါမွန်ပေါန်ဟုအမည်ရသော မိန်းကလေးငယ်တစ်ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။

အလောင်းများကို အလုပ်သမားဖောင်ဒေးရှင်းမှ လာရောက်သယ်ဆောင်သွားပြီး ခါအိုခွန်းဖိုင်ဘွန်းဆေးရုံသို့ ပို့ဆောင်ခဲ့ကာ ၎င်းတို့၏ဆွေမျိုးများက သေဆုံးမှုကိုအတည်ပြုပေးခဲ့သည်။

လက်ရှိအချိန်တွင် ရဲတပ်ဖွဲ့သည် မောင်းပြေးသွားခဲ့သော လော်ရီကားကို လိုက်လံရှာဖွေလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly