နေမာမပါလည်း ပီအက်စ်ဂျီကိုလျှော့မတွက်ဖို့ ရီးယဲလ်အသင်းသားတွေကို သတိပေးလိုက်တဲ့ ဇီဒန်း

နေမာမပါလည်း ပီအက်စ်ဂျီကိုလျှော့မတွက်ဖို့ ရီးယဲလ်အသင်းသားတွေကို သတိပေးလိုက်တဲ့ ဇီဒန်း

ပီအက်စ်ဂျီအသင်းမှာ နေမာပါဝင်ကစားနိုင်မှာမဟုတ်ပေမယ့် လျှော့မတွက်ကြဖို့ ရီးယဲလ်မက်ဒရစ်အသင်းသားတွေကို နည်းပြဇီဒန်းက သတိပေးလိုက်ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် အင်္ဂါနေ့မှာ ပီအက်စ်ဂျီအသင်းရဲ့ အိမ်ကွင်းကိုသွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

နေမာဟာ ခြေဖဝါးရိုးကျိုးဒဏ်ရာကြောင့် ပီအက်စ်ဂျီအသင်းမှာပါဝင်ကစားနိုင်မှာမဟုတ်ပါဘူး။ ပီအက်စ်ဂျီအသင်းအနေနဲ့ ပထမအကျော့တုန်းကလည်း ရီးယဲလ်မက်ဒရစ်ကို ၃-၁ ဂိုးနဲ့ ရှုံးထားပါတယ်။

ရီးယဲလ်မက်ဒရစ်နည်းပြဇီဒန်းက “နေမာအတွက်စိတ်မကောင်းဖြစ်ရပေမယ့် သူတို့အသင်းက အရမ်းတောင့်တင်းတဲ့အသင်းပါ။ နေမာနေရာမှာ ဝင်ကစားမယ့်သူကလည်း   ခြေစွမ်းသိပ်ကောင်းနေပါလိမ့်မယ်။

ကျွန်တော်တို့အနေနဲ့ ဥရောပအဆင့်ပွဲတစ်ပွဲကို ပြန်ကစားရမှာဖြစ်ပြီး ၂၀၀၀ ရာခိုင်နှုန်းလောက်အထိကို အားထုတ်ဖို့လိုပါတယ်။ သူတို့ဘက်ကလည်း သေချာပေါက်ပြင်ဆင်လာမှာပါ”လို့ ပြောဆိုခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags