ပရီးမီးယားလိဂ်ဖလားရဖို့ နိုင်ပွဲ ၅ ပွဲသာလိုတော့တယ်လို့ ပြောဆိုလိုက်တဲ့ ဂွာဒီယိုလာ

ပရီးမီးယားလိဂ်ဖလားရဖို့ နိုင်ပွဲ ၅ ပွဲသာလိုတော့တယ်လို့ ပြောဆိုလိုက်တဲ့ ဂွာဒီယိုလာ

မန်စီးတီးအသင်းအနေနဲ့ ယခုနှစ်ပရီးမီးယားလိဂ်ဖလားကိုရရှိဖို့ နိုင်ပွဲ ၅ ပွဲသာလိုအပ်တော့တယ်လို့ နည်းပြ ဂွာဒီယိုလာက ပြောဆိုလိုက်ပါတယ်။

ကြာသပတေးညက ပရီးမီးယားလိဂ်ပွဲစဉ် ၂၈ အဖြစ်ကစားခဲ့တဲ့ပွဲမှာ အာဆင်နယ်အသင်းကို ၃-၀ ဂိုးနဲ့ အနိုင်ရပြီးနောက် ဂွာဒီယိုလာက အခုလိုပြောဆိုလိုက်တာပါ။

ဂွာဒီယိုလာက “ဒီပွဲအနိုင်ရလိုက်လို့ အများကြီးဂုဏ်ပြုပါတယ်။ အခုဆိုရင် ကျွန်တော်တို့က ၁၆ မှတ်ဖြတ်ထားနိုင်ပါပြီ။ ချန်ပီယံ ဖြစ်ဖို့ နောက် ၅ ပွဲထပ်နိုင်ဖို့ပဲလိုပါတော့တယ်။ ဒါကကျွန်တော်တို့အတွက် သိပ်အရေးကြီးပါတယ်။

ကစားသမားတွေကိုလည်း ချီးကျူးပါတယ်။ ဖလားတစ်လုံးရဖို့ဆိုတာ ဘယ်တော့မှမလွယ်ကူပါဘူး။ အမြဲတမ်းအာရုံစူးစိုက်ထားဖို့ လိုပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၈ ပွဲကစားပြီးချိန်မှာ ရမှတ် ၇၅ မှတ်နဲ့ အနီးဆုံးပြိုင်ဘက် မန်ယူနိုက်တက်ကို ၁၆ မှတ်ထိဖြတ်ထားနိုင်တာကြောင့် လက်ကျန် ၁၀ ပွဲမှာ ၅ ပွဲနိုင်တာနဲ့ ချန်ပီယံဆုကိုရယူနိုင်မှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags