အင်ဒိုနီးရှားက ကမ္ဘာ့အညစ်ညမ်ဆုံးမြစ်အား သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်

အင်ဒိုနီးရှားက ကမ္ဘာ့အညစ်ညမ်ဆုံးမြစ်အား သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်

ဂျကာတာ၊ မတ် ၂ ။          ။ အင်ဒိုနီးရှားနိုင်ငံက လယ်သမားဟောင်းတစ်ဦးဖြစ်တဲ့ ယူဆက်ဖ်ဆူပရီယာဒီ ခြေလက်တွေမှာ ဝဲနာစွဲရသည်မှာ ကမ္ဘာ့အညစ်ညမ်းဆုံးမြစ်နား   နေထိုင်ရတာကြောင့်ပဲ ဖြစ်ပါတယ်။

ဆူပရီယာဒီအနေနဲ့ စီတာရမ်းမြစ်ရေကို အားကိုးပြီး လယ်ယာစိုက်ပျိုးနေခဲ့ရသူပါ။ မြစ်ရေဟာဆိုရင် အိမ်တွေက စွန့်ပစ်အမှိုက်တွေ၊ အဆိပ်ဖြစ်ဓာတုဓာတ်တွေနဲ့ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းတွေကြောင့် ညစ်ညမ်းနေရတဲ့ မြစ်ရေပြင်ပဲ ဖြစ်ပါတယ်။

မိုးရာသီမှာ ဆူပရီယာဒီတို့ စပါးခင်းက ဖြစ်ထွန်းမှုဟာ သုံးပုံနှစ်ပုံအထိ ကျဆင်းနေရပြီဖြစ်ပါတယ်။

“မိုးရာသီဆို မြစ်ရေလျှံမှုတွေဖြစ်တယ်။ ဒီမြစ်ရေကြောင့် ကျွန်တော်လက်မှာ ဝဲနစွဲရတယ်။ အခင်းတွေလည်း ပျက်စီးတယ်။”ဟု အသက် ၅၄ နှစ်ရှိတဲ့ ဆူပရီယာဒီက ပြောပါတယ်။

“မြစ်ရေညစ်ညမ်းမှုဟာ ကျွန်တော်ရဲ့ စပါးတွေကို မအောင်မြင်အောင် ဖြစ်စေတယ်။ ဒီလို ဆက်ဖြစ်နေမယ်ဆိုရင် ကျွန်တော်မှာ ဝင်ငွေ ရှိတော့မှာ မဟုတ်ဘူး။ ဒါပေမယ့်လည်း ကျွန်တော်မှာ အခြားရွေးစရာ အလုပ်အကိုင်ကလည်း မရှိပါဘူး။”ဟု ၎င်း ဆိုပါတယ်။

ဆယ်စုနှစ်များစွာ သန့်ရှင်းမှုလုပ်ဆောင်ချက်များ မချမှတ်ခဲ့တာကြောင့် စီတာရမ်းမြစ်ရေဟာ ကျန်းမာရေးအရေးပေါ် အခြေအနေ ဖြစ်နေရပါတယ်။

အစိုးရက ဖြစ်နိုင်ခြေနည်းတဲ့ ရည်မှန်းချက်ပန်းတိုင်ကို ချမှတ်ပြီး ၂၀၂၅ မှာ ဒီမြစ်ရေကို သောက်သုံးနိုင်အထိ သန့်စင်ရေး စတင်လုပ်ကိုင်ဆောင်ရွက်လာပြီဖြစ်ပါတယ်။

ဂျကာတာမြို့တော်ရဲ့ လူဦးရေ ၈၀ ရာခိုင်နှုန်းဟာ ဆည်မြောင်းရေသွင်းခြင်း၊ အဝတ်လျှော်ဖွတ်ခြင်းအပြင် သောက်သုံးခြင်းတို့အတွက် ဒီမြစ်ရေကို အားကိုးနေရတာပါ။

၃၀၀ ကီလိုမီတာနီးပါး ရှည်တဲ့ စီတာရမ်းမြစ်ဟာ အင်ဒိုနီးရှားရဲ့ လူထူထပ်သော ဂျာဗားကျွန်းနဲ့ ခရီးသွားများ လာရောက်မှုများရာ ဘာလီကျွန်းတို့အတွက် ရေအားလျှပ်စစ်ထုတ်လုပ်ရာ အဓိကရင်းမြစ်လည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly