ရုပ်သံလွှင့်ဥပဒေ လွှတ်တော် အတည်ပြုလိုက်ပြီ

ရုပ်သံလွှင့်ဥပဒေ လွှတ်တော် အတည်ပြုလိုက်ပြီ

မြန်မာနိုင်ငံ၏ ပထမဦးဆုံး ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဩဂုတ် ၂၆ ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုလိုက်ပြီဖြစ်သည်။

ဥပဒေကြမ်းပါအချက်များမှ ဆွေးနွေးအတည်ပြုရန် ဆိုင်းငံ့ထားသော ကျန်ရှိနေသည့် ပုဒ်မတစ်ခုကို ထပ်မံအတည်ပြုလိုက်ခြင်း ဖြစ်သည်။

ယင်းဥပဒေကြမ်းအရ လွတ်တော်နှစ်ရပ်နှင့် အစိုးရမှ ၃ဦးစီပါဝင်သော ၉ဦးပါ ကောင်စီကို ဖွဲ့စည်းမည်ဖြစ်ကာ ရုပ်/သံထုတ်လွှင့်ခြင်းလုပ်ငန်းလိုင်စင် ထုတ်ပေးခြင်း၊ သက်တမ်းတိုးခြင်းနှင့် ရုပ်သိမ်းခြင်းတို့ကို ကောင်စီက ဆုံးဖြတ်မည်ဖြစ်သည်။

ကောင်စီ၏ ဆုံးဖြတ်ချက်ကို မကျေနပ်ပါက ရက်ပေါင်း ၃၀အတွင်း သမ္မတထံ အယူခံဝင်နိုင်သည်ဟု ပြည်ထောင်စုလွှတ်တော်တွင် ယနေ့အတည်ပြုခဲ့သည်။

အတည်ပြုလိုက်သည့် ယင်းဥပဒေကြမ်းကို သမ္မတထံပေးပို့သွားမည်ဟု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောသည်။

ယင်းဥပဒေကြမ်းကို အတည်ပြုပြဌာန်းပြီးပါက ပုဂ္ဂလိက လုပ်ငန်းရှင်များအနေဖြင့် ရုပ်/သံလုပ်ငန်းများကို လိုင်စင်လျှောက်ထားပြီး လုပ်ကိုင်ခွင့်ရရှိတော့မည်ဖြစ်သည်။

သတင်းအပြည့်အစုံကို ဆက်လက် ဖော်ပြသွားပါမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly