နှလုံးရောဂါဖြစ်ပွားစေနိုင်သော အလုပ်ဖိအားများ

နှလုံးရောဂါဖြစ်ပွားစေနိုင်သော အလုပ်ဖိအားများ

ရေးသားသူ Dr. Sandar Lin
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ hellosayarwon.

နှလုံးရောဂါသည် ယနေ့ကမ္ဘာတွင် သေဆုံးမှုများသောရောဂါများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပါတယ်။ နှလုံးရောဂါဖြစ်ရခြင်း အကြောင်းအရင်းများစွာ ရှိပါတယ်။ အထူးသဖြင့်ကျန်း မာရေးနှင့် မညီညွှတ်သော နေ့စဉ်နေထိုင်မှုပုံစံကြောင့်ဖြစ်ပါ တယ်။ အဆီများသောအစားအစာစားခြင်း၊ ပုံမှန်လေ့ကျင့် ခန်းမလုပ်ခြင်းကြောင့် အဝလွန်လာကာသွေးတွင်းကိုလက် စထရောကို   မြင့်တက်စေပါတယ်။

ထို့ပြင်အလုပ်ထဲတွင် စိတ်ဖိစီးမှုများခြင်းကလည်း နှလုံးရောဂါဖြစ်ပွားနှုန်းကို များစေ နိုင်ပါတယ်။

အလုပ်တွင်ဖိစီးမှုများခြင်းသည် အလုပ်အလွန်အကျွံလုပ်ခြင်း၊ (သို့)အလုပ်ထဲတွင်ပြဿနာများကိုဖြေရှင်းရန်ခက်ခဲနေခြင်း စသည်တို့ကြောင့်ဖြစ်ပါတယ်။ အလုပ်တွင်စိတ်ဖိစီးမှုများ ခြင်းသည်နှလုံးကို ထိခိုက်စေပါတယ်။ လေ့လာမှုများအရ အလုပ်ဖိစီးမှုများသော လုပ်သားများသည် နှလုံးရောဂါကြောင့် သေဆုံးနှုန်း၂ဆပိုများပြီး လစာနှင့်ခံစားခွင့် နည်းသောလုပ် သားများတွင် ၂.၄ဆပိုများပါတယ်။

လေ့လာရေးအဖွဲ့သည် စိတ်ဖိစီးမှု၊ သွေးပေါင်ချိန်၊ သွေး တွင်းအဆီဓာတ်နှင့် ကိုယ်အလေးချိန်တို့နှင့် ပတ်သက်သော အချက်အလက်များ ရရှိရန်မေးခွန်းများ၊ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြရာ အလုပ်ဖိစီးမှုများသော သူများသည်နှလုံးရောဂါဖြင့် သေဆုံးရန်လွယ်ကူကြောင်းတွေ့ရပါတယ်။ စိတ်ဖိစီး မှုကိုတုံ့ပြန်ရန် ကိုယ်ခန္ဓာမှ ဟော်မုန်းများထုတ်ရပါတယ်။ ၎င်းဟော်မုန်းများသည်   သွေးတိုးရောဂါကိုဖြစ်စေပြီး သွေး ကြောနံရံတွင်အဆီဖုံးစေကာ နှလုံးရောဂါကိုဖြစ်စေပါတယ်။

အလုပ်တွင်ဖိအားများခြင်းသည်သွေးတိုးရှိသူ(သို့) နှလုံးရော ဂါရှိသူအတွက်တော့ မကောင်းပါဘူး။ လေ့လာသူများသည် နိုင်ငံ ၇နိုင်ငံတွင် လေ့လာမှု၁၃ခုဖြင့်  နှလုံးရောဂါမရှိသောလူ   ပေါင်း၂သိန်းကို လေ့လာခဲ့ပါတယ်။ ယင်းတို့အနက် ၃၀၂၁၄ယောက်သည်အလုပ်ဖိစီးမှုဒဏ်ကိုခံနေရပါတယ်။

လေ့လာသူများ၏ သုံးသပ်ချက်အရ အလုပ်သမားများ၏ ၃.၄%သည်အလုပ်ဖိစီးမှုဒဏ်ကိုခံရမည့်အခြေအ နေတွင်ရှိပြီး လူတိုင်းသည်အလုပ်တွင်စိတ်ဖိစီးမှုမရှိပါက နှလုံးရောဂါဖြစ်ပွားမှုအခြေအနေကို ၃.၄%ကာကွယ်နိုင်မည် ဟုဆိုထားပါတယ်။

စိတ်ဖိစီးမှုများကို လမ်းလျှောက်ခြင်း၊ စိတ်ပညာရှင်များနှင့်နှစ်သိမ့်ဆွေးနွေးခြင်းများဖြင့်ဖြေလျော့ နိုင်ပါတယ်။

အလုပ်ရှိစိတ်ဖိစီးမှုနှင့် ဖိအားများသည်နှလုံးရောဂါဖြစ်ပွားနှုန်း ကိုမြင့်တက်စေပါတယ်။ သို့သော်လည်း ယင်းဖိအားများကို ရှောင်လွဲဖို့ရန် မဖြစ်နိုင်ပါဘူး။ ထို့ကြောင့် စိတ်ဖိစီးမှုများကို ထိရောက်စွာ ကာကွယ်ဖို့ခက်ခဲပါလိမ့်မည်။ ထိုအစားဆေး လိပ်သောက်သောအလေ့အထကိုပယ်ဖျက်ကာ ပုံမှန်လေ့ ကျင့်ခန်းပြုလုပ်ခြင်း၊ အရာရာတွင် အကောင်းမြင်စိတ်ရှိ   အောင်ကြိုးစားခြင်းများပြုလုပ်လိုက်ပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly