နယ်သာလန်အခြေစိုက် Trouw Nutrition ၏ တိရိစ္ဆာန် အစာအဟာရ ထုတ်လုပ်သည့် စက်ရုံကို သီလဝါ အထူးစီးပွားရေးဇုန်တွင် ဖွင့်လှစ်

နယ်သာလန်အခြေစိုက် Trouw Nutrition ၏ တိရိစ္ဆာန် အစာအဟာရ ထုတ်လုပ်သည့် စက်ရုံကို သီလဝါ အထူးစီးပွားရေးဇုန်တွင် ဖွင့်လှစ်

တိရိစ္ဆာန်အစာအဟာရဆိုင်ရာ ထုတ်လုပ်မှု ကဏ္ဍတွင် မြန်မာနိုင်ငံ၌ ပထမဆုံး  ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းဖြစ်သည့် နယ်သာလန်အခြေစိုက် Trouw Nutrition ၏  ထုတ်လုပ်ရေးစက်ရုံကို သီလဝါအထူးစီးပွားရေးဇုန်တွင် ဖေဖော်ဝါရီလ ၂၈ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

Trouw Nutrition ၏ အာရှပစိဖိတ်ဆိုင်ရာ အထွေထွေမန်နေဂျာ Ramakanta Nayak က " လက်ရှိ မြန်မာ နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုပမာဏအနေနဲ့ ယူရို ၅ သန်း ရင်းနှီးမြှုပ်နှံထားပါတယ်။   ပြည်တွင်းဈေးကွက် အခြေအနေ ပေါ်မူတည်ပြီး နောက်ထပ်ရင်းနှီးမြှုပ်နှံတွေလည်း တိုးချဲ့သွားဖို့ရှိပါတယ်" ဟုဆိုသည်။

မြန်မာနိုင်ငံတွင် ဖွင့်လှစ်ခဲ့သည့် တိရိစ္ဆာန်အဟာရ ဆိုင်ရာထုတ်လုပ်သည့် စက်ရုံ သည် အာရှပစိဖိတ်ဒေသတွင်း Trouw ၏  ၆ ခုမြောက် စက်ရုံဖြစ်ပြီး ယခင်က အင်ဒိုနီးရှားနိုင်ငံတွင် စက်ရုံ (၂)၊ တရုတ်နိုင်ငံတွင် စက်ရုံ (၂)ရုံ နှင့် ဗီယက်နမ်နိုင်ငံ တို့တွင် စက်ရုံတည်ဆောက်ရင်းနှီးမြှုပ်နှံထားပြီးဖြစ်ကြောင်း သိရသည်။

Trouw Nutrition ၏ အာရှဒေသဆိုင်ရာ အုပ်ချုပ်မှုဒါရိုက်တာ Haiko Zuidhoff က "မြန်မာနိုင်ငံဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှုနဲ့အတူ လူတွေရဲ့ ဝင်ငွေလည်း တိုးတက်လာြ့ပီး  အသားစားသုံးမှုဟာလည်း မြင့်တက်လာ မှာ ဖြစ်ပါတယ်။ ဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ အတွက် မွေးမြူရေးလုပ်ငန်းတွေလည်း တိုးတက်လာဖို့ လိုအပ်ပါတယ်။  ဒါကြောင့် မွေးမြူရေးလုပ်ငန်းတွေမှာ  ဖွံ့ဖြိုးဖို့ လိုအပ်တဲ့ တိရိစ္ဆာန်အစာအဟာရဆိုင်ရာ ထုတ် လုပ်ရေးလုပ်ငန်းကို လာရောက်ရင်းနှီးမြှုပ်နှံတာဖြစ်ပါတယ်" ဟုဆိုသည်။

ကနဦးအနေဖြင့် ယင်းစက်ရုံမှ တိရိစ္ဆာန်အစာထုတ်လုပ်ရာတွင် အသုံးပြုသည့် Nutrition မက်ထရစ်တန် ၅၀၀၀ နီးပါးကို   နှစ်စဉ် ထုတ်လုပ်သွားမည်ဖြစ်ပြီး ဈေးကွက် လိုအပ်ချက်ပေါ်အရ ထုတ်လုပ်မှုကို တိုးချဲ့သွားမည်ဖြစ်ကြောင်း သိရ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly