ပီအက်စ်ဂျီတိုက်စစ်မှူးနေမာ တစ်လခွဲခန့်နားရမည်

ပီအက်စ်ဂျီတိုက်စစ်မှူးနေမာ တစ်လခွဲခန့်နားရမည်

 

ဖေဖော်ဝါရီ ၂၈၊ ပဲရစ်။                   ။ ပီအက်စ်ဂျီတိုက်စစ်မှူးနေမာသည် အနည်းဆုံးတစ်လခွဲခန့်အနားယူရမည်ဖြစ်ပြီး လာမည့်အင်္ဂါနေ့တွင် ရီးယဲလ်နှင့်ကစားမည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ပွဲစဉ်ကို လွဲချော်မည်ဟု ဖခင်ဖြစ်သူကပြောသည်။

အသက် ၂၆ နှစ်အရွယ်ဘရာဇီးကစားသမားသည် မာဆေးကို ၁-၀ ဂိုးဖြင့်နိုင်သည့်ပွဲတွင် ခြေဖဝါရိုးကျိုးခဲ့ပြီး ခြေကျင်းဝတ် အဆစ်လွဲသည့် ဒဏ်ရာပါရရှိခဲ့သည်။

ရီးယဲလ်မက်ဒရစ်နှင့်ပွဲတွင် နေမာပါဝင်နိုင်ရန်အခွင့်အလမ်းနည်းပါးသည်ဟု ပီအက်စ်ဂျီနည်းပြအမ်မရီကပြောဆိုခဲ့သော်လည်း ခွဲစိတ်ကုသမှုခံရမည့်သတင်းများကိုမူ ငြင်းဆန်ခဲ့သည်။

သို့သော် နေမာ၏ဖခင်ဖြစ်သူကမူ “ခွဲခွဲ၊ မခွဲခွဲ သူ့ဒဏ်ရာကိုကုမယ်ဆိုရင် အနည်းဆုံး တစ်လခွဲ၊ နှစ်လလောက်ကြာနိုင်ပါတယ်” ဟု ESPN ဘရာဇီးသတင်းဌာနသို့ပြောသည်။

နေမာသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ဘာစီလိုနာမှ ပီအက်စ်ဂျီသို့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀၀ ဖြင့်ပြောင်းလာခဲ့ပြီး ပွဲ ၃၀ ကစား၊ ၂၉ ဂိုးသွင်းထားသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly