Samsung Myanmar ၏ သင်္ကြန်နှစ်ကူး ကံစမ်းမဲအထူးအစီအစဉ်နှင့်အတူ လူမှုအကျိုးပြုလုပ်ငန်းများတွင် ပါ၀င်လှူဒါန်းနိုင်မည့် အစီအစဉ်ကိုမိတ်ဆက်

Samsung Myanmar ၏ သင်္ကြန်နှစ်ကူး ကံစမ်းမဲအထူးအစီအစဉ်နှင့်အတူ လူမှုအကျိုးပြုလုပ်ငန်းများတွင် ပါ၀င်လှူဒါန်းနိုင်မည့် အစီအစဉ်ကိုမိတ်ဆက်

Samsung အီလက်ထရောနစ် ပစ္စည်းများဝယ်ယူပြီး မြန်မာနိုင်ငံ၏ လူမှုပတ်ဝန်းကျင် ဖွံ့ဖြိုးရေး စီမံကိန်းများတွင် ပါဝင် သွားနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် လူမှုအကျိုးပြုလုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိသည့် Samsung Myanmar သည် မကြာခင်ကျရောက်မည့် သြင်္ကန်ပွဲတော် အထိမ်းအမှတ် အထူးအစီအစဉ်နှင့်အတူ ၎င်းလက်ရှိဆောင်ရွက်နေသော လူမှှုအကျိုးပြု လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် Customer များ၏ အရေးပါမှုကို ယနေ့ ထုတ်ဖော်ပြောကြားလိုက်သည်။

၂၀၁၈ သြင်္ကန်နှစ်ကူး ကံစမ်းမဲ အထူးအစီအစဉ်အား မတ်လ ၅ရက်နေ့မှ ဧပြီလ ၃၀ရက် နေ့အထိ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပြီး အကျိုးအမြတ်၏ တစိတ်တစ်ဒေသအား မြန်မာနိုင်ငံ၏ လူမှုအကျိုးပြု လုပ်ငန်းများတွင် ထည့်ဝင် လှူဒါန်းသွားမည်ဟု ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ Samsung Iconic Customer Service Plaza တွင်ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ကတိကဝတ်ပြုကြေညာခဲ့သည်။

“ကျွန်တော်တို့ရဲ့ အခုကံစမ်းမဲ အစီအစဉ်မှာ Samsung ထုတ်ကုန်ပစ္စည်းတွေကို ဝယ်ယူအားပေးကြတဲ့ Customer တွေအနေနဲ့   မြန်မာနိုင်ငံမှာ ကျွန်တော်တို့ ဆောင်ရွက်နေတဲ့  လူမှုအကျိုးပြုလုပ်ငန်းတွေမှာ  တစ်ဖက်တစ်လမ်းက ပါဝင်နိုင်သွားကြမှာပါ။ ဒါဟာ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ လုပ်ဆောင်ရုံတင်မကဘဲ လိုအပ်နေတဲ့ လူမှုပတ်ဝန်းကျင်ကို ကူညီပံ့ပိုးမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကိုလည်း အတူတကွ ဖော်ဆောင်လိုက်တာပါပဲ။” ဟု Samsung Myanmar ၏ Head of Consumer Electronics ဖြစ်သူ Mr. Khan Wai Yep မှ ပြောကြားခဲ့သည်။

အဆိုပါ ကံစမ်းမဲ အစီအစဉ်အတွက် Samsung Myanmar မှ ပထမဆု အတွက် Suzuki Ciaz ကား အသစ် တစ်စီးနှင့်အတူ တီဗွီ၊ ရေခဲသေတ္တာနှင့် အဝတ်လျှော်စက်များ အပါအဝင် အခြား ဆုမဲပေါင်း ၂၆၀ကျော်အား မဲနှိှုက်ရွေးချယ်ပေးသွားမည် ဖြစ်ပြီး ကံထူူးသူများအား မေလ ၃၁ ရက်နေ့တွင် အသိပေးကြေညာပေးသွားမည် ဖြစ်သည်။

ကံစမ်းမဲ အစီအစဉ် ကာလအတွင်း ရရှိခဲ့သော အကျိုးအမြတ်များအား Samsung Myanmar မှ လက်ရှိ လုပ်ကိုင် ဆောင်ရွက်နေသော ပညာရေးအခြေပြု လူမှုအကျိုးပြုလုပ်ငန်းများဖြစ်သည့် ၂၀၁၃ ခုနှစ်တွင် စတင်ကာ ကွန်ပျူတာ တက္ကသိုလ်များနှင့် ပူးပေါင်းပြီး နှစ်စဉ်ဖွင့်လှစ်နေသော Mobile Application ရေးဆွဲနည်းသင်တန်း၊ ၂၀၁၆ ခုနှစ်မှ စတင်ကာ နည်းပညာတက္ကသိုလ်များ၊ နည်းပညာ အထက်တန်းကျောင်းများနှင့် ပူးပေါင်း ဖွင့်လှစ်နေသော အသက်မွေးဝမ်းကျောင်းသင်တန်းများနှင့်  ၂၀၁၅ ခုနှစ်မှာ စတင်လက်တွဲလာခဲ့သော NGO တစ်ခုဖြစ်သည့် Myanmar Mobile Education Project (myME) အတွက် သင်ကြားရေးအထောက်အကူပြု ပစ္စည်းများ လှူဒါန်းရာတွင် အသုံးပြုသွားမည် ဖြစ်သည်။  Samsung Myanmar ၏ လူမှုအကျိုးပြုလုပ်ငန်းများ အကြောင်းကို အသေးစိတ် ပိုမိုသိရှိလိုပါက ပူးတွဲပါ Infographic တွင် လေ့လာနိုင်ပါသည်။

CONTACT: Myat Thu Tun Mangosteen PR  for Samsung  Tel: +95 (0)9 798888503 [email protected]

Samsung Electronics Co., Ltd အကြောင်း Samsung Electronics Co., Ltd. သည် နည်းပညာပိုင်းဆိုင်ရာတွင် ကမ္ဘာ့ဦးဆောင်သူ ဖြစ်ရုံသာမက အနာဂတ်ကို ဖော်ဆောင်ပုံသွင်းနိုင်ရန် စိတ်ကူးဉာဏ်များ၊ နည်းပညာများဖြင့် ပုံဖော်နေပြီး တစ်ကမ္ဘာလုံးတွင် တီဗီများ၊ Smartphoneများ၊ Tablet များ၊ ဝတ်ဆင်နိုင်သည့် နည်းပညာထုတ်ကုန်များ၊ Digital အသုံးအဆောင်ပစ္စည်းများ၊ ကွန်ယက်ဆက်သွယ်ရေး စနစ်များ၊ Semiconductor များနှင့် LED Solutions များကို ဖန်တီးထုတ်လုပ်လျက် ရှိသည်။ ပိုမိုပြည့်စုံစွာ သိရှိနိုင်ရန်နှင့် နောက်ဆုံးရသတင်းများ၊ လုပ်ဆောင်ချက်ဆိုင်ရာ ဆောင်းပါးများနှင့် သတင်းထုတ်ပြန်ချက်များ အား http://news.samsung.com/ တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly